Monday, October 31, 2011

မယ်တော်မာယာ၏ အိပ်မက်တော်

ကပိလ၀တ်နေပြည်တော်၌ ၀ါတွင်းခုနှစ်ရက်ပတ်လုံး ပွဲလမ်းသဘင်ပွဲ ကျင်းပသည်၊ ထိုသဘင်ပွဲတွင် အရက်သေစာလုံးဝ မသောက်ကြ၊ ပန်းအမျိုးမျိုး အမွှေးနံသာအဖုံဖုံဖြင့် သဘင်ပွဲကိုတင့်တယ်စေခဲ့သည် ၀ါဆိုလပြည့်နေ့နံနက်တွင် မယ်မာယာသည် နံသာရေဖြင့် ရေချိုး၍ အ၀တ်သစ်ကို ၀တ်ဆင်၍ မြတ်သော အစာကို စားသုံးသည်။ ဥပုသ်သီလ ခံယူဆောက်တည်ပြီးကာ သိန်းပေါင်းများစွာ အလှူကြီးပေးသည်။ ထိုဝါဆိုလပြည့်နေ့ညတွင် မယ်တော်မာယာ ၀မ်းကြာတိုက်၌ အလောင်းတော် ဗုဒ္ဓ သန္ဓေယူလေသည်။ သန္ဓေယူအံဆဲဆဲ အခါတွင် မယ်တော်မာယာ အိပ်နေခိုက် အိပ်မက်ထူးကို မြင်မက်ခဲ့ခြင်းဖြစ်သည်။    နတ်မင်းကြီးလေးပါးက မယ်တော်မာယာကို အိပ်ရာညောင်စောင်းနှင့်တကွ မှချီ၍ ဟိမ၀န္တာသို့ ယူဆောင်ပြီ ဆေးဒန်းမြင်းသီလာ ကျောက်ဖြာထက်၌ ချထားကြ၏ ထိုအခါ နတ်မိဘုရားတို့က မယ်မာယာကို အန၀တတ်အိုင်သို့ ဆောင်ယူ၍ ရေချိုးစေပြီ အ၀တ်အစားသစ် လဲလှယ်ပေးခြင်း နံသာလိမ်းခြင်း စသည်တို့ကို ပြုလုပ်ပြီးနောက်၌ အန၀တတ်အိုင် အနီးရှိ ငွေတောင်ကြီး အတွင်းကရွှေဗိမာန်ထဲမှာ အရှေ့ဘက်ကို ဦးခေါင်းထား၍ သိပ်ပေးထား၏ ထိုအခါ ဆင်ဖြူတော်တစ်စီးသည် ရွှေတောင်ပေါ်မှဆင်း၍ ငွေတောင်သို့တက်၏ ကြာဖြူကိုနှာမောင်းဖြင့် ကိုင်လျက် မြောက်ဘက်မှလာ၏ ကြိုးကြာသံမည်လျက် မယ်တော်မာယာ အိပ်ရာကိုလက်ျာ ရစ်သုံးပတ်လှည့်ပြီး မယ်တော်မာယာ၏လက်ျာနံဘေးကို ခွဲလျက် ၀မ်းကြာတိုက်၌ တည်လေ၏

No comments:

Post a Comment