ပါရမီရှိပါလျက် တရားထူးမရနိုင်သူရှိပါသလော။
ဖြေ.................။ပါရမီရှိပါလျက် တရားထူးမရနိုင်သူ ရှိပါတယ် ပုဂ္ဂိုလ် ဘာဖြင့်ပြောရသော်
အာဠာရ ရသေ့၊ ဥဒက ရသေ့၊ အာဇာတသတ်၊ ဗာရာဏသီ သဌေးသား၊ ဤလေးယောက်သည် ပါရမီရှိပါလျက် မဂ်.ဖိုလ် ကိုမရနိုင်ခဲ့သူများဖြစ်ပါသည်။
ဓမ္မဓိဋ္ဌာန်အားဖြင်သော်
၁။ အမိ အဖ ကိုသတ်၍ ကံကြီးထိုက်နေသူ။
၂။ မိစ္ဆာအယူစွဲမြဲနေသူ။
၃။ သန္ဓေ ညံ့သူ
၎။ အရိယာ ပုဂ္ဂိုလ်မြတ်အား မတော်မတရားစွတ်စွဲသူ။
၅။ အာပတ်ရှိသော ရဟန်း။
ဤသူတို့သည် ပါရမီရှိသော်လည်း မဂ်.ဖိုလ် ကိုမရနိုင်ကြပါ၊
(မဇ္ဈိမနိကာယ်၊ အလဂဒ္ဒသုတ်)
No comments:
Post a Comment