Tuesday, October 18, 2011

ကွာရှင်းပြတ်စဲအပ်သောမယား

မေး........။ မည်သည့် မယား မျိုးကို ကွာရှင်းပြတ်စဲရမည်ဟု မြတ်စွာဘုရားဟောကြားချက်ရှိပါသလား။
ဖြေ........။ မရှိပါ မြတ်စွာဘုရားဟောတော်မမူပါ။
             မည်သည့်မယားကို စွန့်ပစ်ရမည်ဆိုသော ညွန်ကြားချက်မျိုးသည် ဓမ္မသတ်ကျမ်း နီတိကျမ်းများ
ကသာဖြစ်ပေါ်လာခြင်း ဖြစ်သည်။
          မြုံသောမယား၊ ယောက်ျားလေးမမွေးသောမယား၊ ကုဋ္ဌနူနာရှိသောမယား၊လင်ကိုမရိုသေသောမယား၊ လင်ကိုအလိုမရှိသောမယား။ ဤမယားတို့ကိုကွာရှင်းစွန့်ပစ်ရမည်ဟု ရှေ့ဓမ္မသတ်ကျမ်းတို့ကဆို၏
          လင်နှင့်ငြင်းခုံသောမယား၊ ငြူစူစောင်းမြောင်းတတ်သောမယား၊ အရာရာလိုခြင်တတ်မက်သောမယား၊ အိမ်လည်တတ်သောမယား၊ ပေါက်ကရပြောတတ်သောမယား၊ အအိပ်ကြီးသောမယား။ ဤမယားတို့ကို သားသမီးတစ်ရာပင်ရှိသော်လည်း ကွာရှင်းပစ်ရမည်ဟု နီတိကျမ်းကတို့က ဆို၏

No comments:

Post a Comment