Wednesday, October 12, 2011

သင်္ဂါယနာ မှတ်တမ်း

ပဌမ သင်္ဂါယနာ.......။
          သာသနာတော်နှစ် (၁) နှစ် မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီး (၃) လနှင့် (၄) ရက်အကြာတွင် ဦးဆောင်ခဲ့သည့်အရှင်က အရှင်မဟာကဿပမထေရ် ဦးဆောင်ပြီးတော့ ရဟန္တာ အပေါင်း (၅၀၀) နှင့် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ ကျင်းပပြုခဲ့သည်။ အကြောင်းအရာကတော့ တောထွက်ရဟန်ကြီး သုဘဒ္ဒ က သာသနာတော် အားဘုရားမရှိတော့ဘူးစသည် အားဖြင့် ထိပါးပုတ်ခတ်သောကြောင့် ကြာမြင့်သည်အချိန်ကာလ ကတော့ (၇) လကြာမြင့်ခဲ့သည်။ တင်ပုံကတော့ နုတ်ဖြင့် ရွတ်ဆိုတော်မူခဲ့ကြသည်။ ဥပသကာမင်းကတော့ အာဇာတသတ်မင်း ခေတ်ပြိုင်မင်းကတော့ ဇမ္ဗူဒီပဒဇမင်း တကောင်သင်းကွဲပြည် မြန်မာနိုင်ငံ။
           
ဒုတိယ သင်္ဂါယနာ..........။
                 သာသနာတော်နှစ် (၁၀၀) ဘီစီ (၄၄၇) ဦးဆောင်ခဲ့တဲအရှင်မြတ်ကတော့ အရှင်မဟာကဿပ သံဃာအရေအတွက်ကတော့ ရဟန္တာအပါး (၇၀၀) ကျင်းပခဲသည့်နေရာကတော့ အိန္ဒိယနိုင်ငံ ဝေသာလီပြည် ၀ါလုကာရုံကျောင်း အကြောင်းအရာကတော့ ဝေသာလီပြည် လဇ္ဇိတိုင်းသား ရဟန်းများက အဓမ္မ၀တ္ထု ဆယ်ပါးကို ဟောပြောကျင့်ဆောင်မှု ကြာမြင်ခဲသည့်အချိန်ကာလကတော့ (၈) လကြာမြင့်ခဲသည့် တင်ပုံကတော့ နုတ်ဖြင့်ရွတ်ဆိုတော်မူခဲကြသည်။ ဥပသကာမင်းကတော့ ကာလသောက မင်း ခေတ်ပြိုင်မင်းကတော့ ဒွတ္တဘောင်မင်း သရေခေတ္တရာပြည် မြန်မာနိုင်ငံ။


တတိယ သင်္ဂါယနာ
             သာသနာတော့နှစ် (၂၃၅) ဘီစီ  (၃၀၈)  ဦးဆောင်ခဲ့သည့်အရှင်မြတ်ကတော့ အရှင်မဟာမောဂ္ဂလိပုတ္တမထေရ် ဖြစ်ပါသည် သံဃာအရေအတွက်ကတော့ ရဟန္တာ (၁၀၀၀) ကျင်းပခဲ့သည်နေရာကတော့ အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည် အာသောကရုံကျောင်း အကြောင်းအရားကတော့ တိတ္ထိ ရဟန်း (၆၀၀၀၀) တို့သည် အသွင်ဆိုး၍သာသနာတော်တွင်းသို့ဝင်ရောက်ပြီ မိစ္ဆာဝါဒများသွတ်သွင်းမှု ကြာမြင့်ချိန်ကာလကတော့ (၉)လ ကြာမြင့်ခဲ့သည်။ တင်ပုံကတော့ နုတ်ဖြင့်ရွတ်ဆိုတော်မူခဲ့သည်။ ဥပသကာမင်းကတော့ သီရီဓမ္မာသောကမင်း ခေတ်ပြိုင်မင်းကတော့ ရန်ပေါင်မင်း သရေခေတ္တရာပြည် မြန်မာနိုင်ငံ။

စတုတ္ထ သင်္ဂါယနာ.....။
           သာသနာတော်နှစ် (၄၅၀)  ခေါင်းဆောင်ခဲ့သည့် အရှင်မြတ်ကတော့ အရှင်ဓမ္မရက္ခိတမထေရ် သံဃာအရေအတွက်ကတော့ ရဟန္တာအပါး (၅၀၀) ကျင်းပခဲ့သည့်နေရာကတော့ သီရိလင်္ကာနိုင်ငံ မဟာယဇနပုဒ် အာလောကလှိုင်ဂူ အကြောင်းအရာကတော့ သူပုန်းဘေးငတ်မွတ်ခေါင်းပါးဘေးကို (၁၂)နှစ်ကြာခံစားရ၍ နောင်အခါ ယင်းအဖြစ်မျိုး ကြုံခဲ့သော ပိဋကတ်တော်များမပျောက်ရန် ကြာမြင့်ချိန်ကတော့ (၁) နှစ်ကြာမြင့်ခဲသည် တင်ပုံကတော့ ပေစာဖြင့်တင်တော်မူခဲ့ကြသည်  ဥပသကာမင်းကတော့ ၀ဠုဂါမဏီမင်း ခေတ်ပြိုင်မင်းကတော့ ကြက်ခေါင်းစား ငတေပါမင်း သရေခေတ္တရာပြည် မြန်မာနိုင်ငံ။

ပဉ္စမ သင်္ဂါယနာ..........။
           သာသနာတော်နှစ်  (၂၄၁၅) ကောဇာသက္ကရာဇ် (၁၃၃၃) ဦးဆောင်ခဲ့သည့် အရှင်မြတ်ကတော့ ဘဒ္ဒန္တဇာဂရာဘိဝံသ မထေရ်မြတ် ဒက္ခဏာရာမကျောင်း မန္တလေး သံဃာအရေတွက်ကတော့ ရဟန်း (၂၄၀၀) နေရာကတော့ မန္တလေးနန်းတော်အရှေ့ဘက်သစ်တပ် မဏ္ဍပ် အကြောင်းအရာကတော့ ပေပရပိုတ်များအပေါ်ရှိ ပိဋကတ်တော်များ ပိုမိုတည်တံစေရန်နှင့်မူကွဲများညီညွတ်စေရန် ကြာမြင့်ချိန်ကာလကတော့ (၅) လနှင့် (၃)ရက် တင်ပုံကတော့ နုတ်ဖြင့်ရွတ်ဆို၍ကျောက်ထက်အက္ခရာတင်တော်မူခဲ့သည် ဥပသကာမင်းကတော့ မင်းတုန်းမင်း ခေတ်ပြိုင်မင်းကတော့ ရာဂျိန္ဒရာမရာဘတ် အိန္ဒိယနိုင်ငံ။

ဆဋ္ဌမ သင်္ဂါယနာ.........။
        သာသနာတော်နှစ် (၂၄၉၈) ကောဇာသက္ကရာဇ် (၁၃၁၆) ဦးဆောင်တော်မူခဲ့သောအရှင်မြတ်ကတော့ ဘဒ္ဒန္တ ရေတောဘိဝံသ မထေရ် ညောင်ရမ်း မန္တလေး သံဃာအရေအတွက်ကတော့ ရဟန်း (၂၅၀၀) ကျင်းပခဲ့သည့်နေရာကတော့ မြန်မာနိုင်ငံ ရန်ကုန် သီရိမင်္ဂလာ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လှိုင်ဂူ အကြောင်းအရာကတော့ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးတည်တံပြန့်ပွားရေးနှင့် ပိဋကတ်တော်များသန့်ရှင်းစင်ကြယ်စေရန်
ကြာမြင့်ချိန်ကာလကတော့ (၂) နှစ် တင်ပုံကတော့ စက္ကူစာရွက်ပေါ်ပုံနှိပ်အက္ခရာမြင့်တင်တော်မူခဲ့သည် ဥပသကာမင်းကတော့ မြန်မာနိုင်ငံတော်အစိုးရနှင့်ပြည်သူများ ခေတ်ပြိုင်မင်းကတော့ သမ္မတနေရူး အိန္ဒိယနိုင်ငံ။

No comments:

Post a Comment