Wednesday, October 5, 2011

မဟာလူသား

       ဘာသာဝါဒများကို တည်ထောင်ကျသောသူများတွင် ကျနော်တို့ကိုးကွယ်သော ဗုဒ္ဒ္ဓသည် လက်တွေ့ကျသော ဘ၀ကိုအလှဆင်နိုင်တဲ့ တရားများကိုသာဟောကြားသော ဆရာတစ်ဆူဖြစ်ပါတယ်။ စင်ကြယ်သန့်ရှင်းသော ရိုးရှင်းသော လူသားမှတပါး အခြားသောပုဂ္ဂိုလ်မျိုး ထာဝရဘုရားစသည့် တန်းခိုးရှင်များ ကဖန်ဆင်း၍ဖြစ်လာတယ်လို့ မပြောဆိုခဲ့။ 
အခြားသောဘာသာတို့က ထာဝရဘုရား နတ်ဘုရား ဖန်ဆင်းရှင်တို့ကလွမ်းမိုးတန်းခိုးသွင်းပေးထားသည့်ပဂ္ဂိုလ်များဖြစ်၏
ဗုဒ္ဓသည် လူသားစစ်စစ်မှဖြစ်သည်သာမဟုတ် မည်သည့် ထာဝရဘုရားသခင် နတ်ဘုရား ဖန်ဆင်းရှင် စသည့် ပြင်ပတန်းခိုးရှင်ကမှ လွမ်းမိုးပြီး တန်းခိုးသွင်းပေးထားသူ အဖြစ်လည်းမဟုတ်။ 
ထိုဗုဒ္ဓသည် မိမိမှာရှိသော ဥာဏ်ဖြင့် သစ္စာလေးပါးကို သိမြင်မူ" ဈာန်သမာပတ်များ မဂ်ဥာဏ် ဖိုလ်ဥာဏ်များသည် လူသားတို့၏ လုံးလဖြင့် ကြိုးစားအားထုတ်မှု" လူသားတို့၏
အသိဥာဏ်ဖြင့် ရရှိနိုင်သည်ဟုမိန့် ဆိုခဲ့၏။ ဒါကြောင့် လူသားစစ်စစ် သာလျှင်ဘုရားအဖြစ်ကိုရနိုင်၏။ လူသားတိုင်း၏ အတွင်းသန္တာန်ထဲမှာ ဗုဒ္ဓဖြစ်လာနိုင်သည့် အစွမ်းသတ္တိပါရှိပြီသားဖြစ်ပေ၏။
ဗုဒ္ဓသည် ဘုရားဖြစ်ရန် မရေတွက်နိုင်လောက်အောင် များပြားလှစွာသော ကပ် ကမ္ဘာတို့၌
ဆယ်ပါးသော ပါရမီတွေကို ခက်ခဲ့စွာဖြည့်ကျင့် ခဲ့သောကြောင့် ဗုဒ္ဓ အဖြစ်ကိုရရှိခဲ့ပေ၏။
ဒါကြောင့် ကျနော်တို့သည် ဗုဒ္ဓကို မဟာလူသား ဟုခေါ်ကြ၏။

No comments:

Post a Comment