Friday, June 8, 2012
Wednesday, January 25, 2012
မှန်လည်မှန် အကျိုးလည်းရှိ
အတွေးအခေါ် အယူအဆတွေဆိုတာ
ပုံစံအမျိုးမျိုးရှိကြပါတယ်။
သာမန်ပုဂ္ဂိုလ်တွေထက် ပညာတတ်တွေ
ပညာတတ်တွေထက် ပညာရှိတွေရဲ့
အတွေအခေါ်အယူအဆတွေက
လောကနဲပိုပြီး ဆီလျော်တတ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံး အမ တွေကတော့
အတွေးအခေါ်လည်း မဟုတ်။
အယူအဆလည်း မဟုတ်ပါဘူး
လောကအမှန်တရားတွေကို
မီးမောင်းထိုးပြထားတာတွေပါ။
လောကထက် လွန်မြတ်တဲ့
ဖွင့်လှစ်ပြသထားတာတွေပါ။
မှန်လည်းမှန်
အကျိုးလည်းရှိကြတာတွေချည်းပါပဲ။
စကားစု
၁။
ကျွေးတာအကုန်စား၊
ကိစ္စမရှိပါဘူး
စေတနာကိုတော့၊
အကုန်မသုံးလိုက်ပါနဲ့။
၂။
တစ်ခုခုကိုဖိထားရင်
အင်အားတွေလည်း
နိမ့်ကျနေတယ်။
တစ်ခုခုကိုပင့်ထားရင်
အင်အားတွေလဲ
မြင့်ရာဆီသို့
တိုးတက်နေပါတယ်။
၃။
ဧည့်သည်က
အိမ်ရှင်ရဲ့ အလုပ်ကို
အိမ်ရှင်က ဧည့်သည်ရဲ့ အလုပ်ကို
ကူညီသလိုနဲ့
ဝင်ရှုပ်တတ်ပါတယ်
ကိုယ့်အလုပ်
ကိုယ်လုပ်နေကြမှ
သဘောမှန်ဖြစ်တယ်။
၎။
မကောင်းတာကို
လုပ်မဲအစား
မလုပ်ပဲနေတာမှ
ပိုကောင်းပါတယ်။
၅။
မကောင်းပါဘူးဆိုတဲ့
အပြစ်ကို
မလုပ်မိတာက
ပိုကောင်းပါတယ်။
၆။
ပုထုဇ္ဇနော ဥမ္မတ္တကော
တဲ့
လူတိုင်းလိုလို
တမျိုးလေးတွေချည်းပါပဲ
တစ်မျိုးကြီးအထိ မဖြစ်စေနဲ့
တစ်မျိုးလေးကိုတောင်
ဖျောက်ပစ်ရမှာ။
၇။
အပြောကြောင့် မယုံလိုက်ပါနဲ့
သေချာ ပေါင်းကြည့်ပါဦး။
သိလာပါလိမ့်မယ်။
၈။
သူစော်ကားရင်
ပြန်စော်ကားမှာပဲ။
မစော်ကားရင်
ကိုယ်က ပြန်ပြီမစော်ကားဘူး။
သဘောကအတူတူပါပဲ
စော်ကားလိုစိတ်မရှိ၊
စော်ကားတတ်တဲ့ အကျင့်ပါ့
ပျောက်ဖို့ အရေးကြီးတယ်။
၉။
လောကရဲ့ ဂုဏ်ဆိုတာ
မက်မောသူ အတွက်
အားကိုးစရာထင်ရပေမဲ့
တကယ့်ကြောက်စရာကြီးပါ။
၁၀။
ကိုယ်ချင်းစာတယ် ဆိုတာ
ကိုယ် လောဘ ဒေါသကြီးသလို
သူလည်း လေဘကြီး
ဒေါသကြီးမှာပဲလို့
ထင်တာမျိုး မဟုတ်ပါဘူး။
တကယ် ကိုယ်ချင်း စာတတ်ရင်
သူများချင်းလည်း စာနာတတ်လာတယ်။
၁၁။
ကောင်းတယ်ထင်တာတွေ
ရမ်းပြီ မလုပ်ပါနဲ့။
ကောင်းတာသေချာသိမှ လုပ်ပါ
ကောင်းမှန်းသိအောင်
အရင်ကြိုးစားပါဦး။
၁၂။
အရိပ်လို နေပူကစောင့်
တဲ့
သွားလိုက်စမ်းပါ
မြန်မြန်
အရိပ်ကိုလဲရောက်မယ်၊
နေပူလဲ မမိတော့ဘူး
စောင့်မနေနဲ့။
၁၃။
ကိုယ့်ကိုယ်ကို ကိုယ်ပြန်ကြည့်
ကြည်မိရင် သတိ၊
ကြည့်နိုင်ရင် သမာဓိ၊
ကြည့်တတ်ရင် ပညာ၊
ကြည့်နေရင် ဝီရိယ၊
ခု ကြည် ခုသေချာသိတယ်လို့
ယုံတာက သဒ္ဓါ
ချမ်းသာမယ်။
၁၄။
ကိုယ့်ကြောင့်
ပတ်ဝန်းကျင်ကောင်းတာလည်းရှိတယ်။
ပတ်ဝန်းကျင်ကြောင့်
ကိုယ်ကောင်းတာလည်းရှိတယ်။
ကိုယ်နဲ့ ပတ်ဝန်းကျင်
အကောင်းတွေ
တစ်ထပ်တည်းကျရင်
ပိုကောင်းမှာပေါ့။
၁၅။
ပြောသမျှစကား
တရားဖြစ်ပါစေ
ကိုယ်ကပဲ ပြောပြော
သူများ ပြောတာပဲဖြစ်ဖြစ်
တရားဖြစ်ဖို့
စကားတိုင်းက ကူညီနေလိမ့်မယ်။
၁၆။
ကြိုက်တာကိုကြည့်နေရင်း
မကြိုက်တာကို မြင်တတ်တယ်။
မကြိုက်တာကိုကြည့်ရင်း
ကြိုက်တာကို ဖုံးကွယ်ထားတတ်တယ်။
၁၇။
ဘာလုပ်ရမှန်း မသိရင်
သိအောင်လုပ်
ဘာမှမလုပ်ဘဲ
နေတာက လူပျော့လူညံ့
တွေအလုပ်။
၁၈။
မျက်စိစွေနေတဲ့သူကို
ကြည့်ရတာ အတော်ခက်မှာပဲလို
မထင်လိုက်ပါနဲ့
တည်အောင်လုပ်ပေးချင်လိုလည်း
မရဘူး
သူဟာနဲသူတော့
အဆင်ပြေနေတယ်ဆိုတာ
နားလည်လိုက်ပါ။
၁၉။
ဝါသနာချင်း
ညှိ့လိုကတော့
အကုန်ငြိကုန်မှာပဲ
မညှိ့ပဲ
ညီတာကပိုကောင်းတယ်။
၂၀။
ငယ်စဉ်ကပြုပြင်ပေးရင်
ကောင်းလာတတ်တယ်
ကြီးလာရင် မလွယ်ဘူးး
ကိုယ်က ပြင်ပေးချင်လွန်းတော့
အားလုံးကို
ငယ်တယ်လို့ပဲ
ထင်တတ်တယ်။
၂၁။
ရယူထားနိုင်ရင်
အရသာရှိတယ်
ပေးစွန့်တာလည်း
အရသာရှိတယ်
အရသာချင်းတော့
မတူဘူး။
၂၂။
ငါမှရှိမှ သိကြလိမ့်မယ်
အဲဒီငါဆိုတာကရော
ဘာတွေကိုရေရေရာရာ
သိထားပြီပြီလဲ။
၂၃။
ခံရတဲ့အခါ မတုန်မလုပ်
တည်နေနိုင်မှ
ခံတည်တဲ့
စံရတဲ့အခါ မတုန်မလုပ်
တည်နေနိုင်တဲ့
စံတည်လည်း
ရှိဖိုလိုတယ်။
နှစ်မျိုးစလုံးရှိမှ
ခန္တီ အစစ်။
၂၄။
ဦးချိုရှိတဲ သူက
ဦးချို ကိုအားကိုးတော့
ဦးချို ကျိုးတတ်တယ်
အစွယ် ရှိတဲသူက
အစွယ် အားကိုတော့
အစွယ် ကျိုးတတ်တယ်
အသိ ရှိတဲ့သူက
အသိ ကိုအားကိုးတော့
အသိ တိုးတယ်
သဗ္ဗပါပဿ အကရဏံ၊
ကသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
Not to do any evil;
To do what is good;
To purify one’s mind;
This is the teaching of the Buddhas.
ငါးပါး သီလ
ပါဏာတိပါတ၊
ပါဏာတိပါတ်၊ သူသက်သတ်က၊
ချို့လတ်အင်္ဂါ မွဲပြာရုပ်သွင်၊
အားအင်ယုယွင်း လျင်ခြင်းလည်းဝေ၊
ဘေးကိုကြောက်တတ် အသတ်ခံရာ၊
အနာများလျက် ခြွေရံပျက်၍
အသက်တိုလျ ပြစ်များစွာ့သည်၊
ရှောင်ကအပြန် အကျိုးတည်း။
အဒိန္နာဒါန
သူတစ်ပါးဥစ္စာ ခိုးမိပါမူ၊
ဥစ္စာနည်းမွဲ ဆင်းရဲငတ်ဘိ၊
လိုရှိမရ ဘောဂပျက်စီး၊
ရေမီးသူခိုး မွေခံဆိုးနှင့်၊
မင်းဆိုးအပြား ရန်မျိုးငါးကြောင့်၊
ပျက်ပြားဥစ္စာ ပြစ်များစွာသည်၊
ရှောင်ကအပြန် အကျိုးတည်း။
ကာမေသုမိစ္ဆာစရ
မိစ္ဆာစာရ ကျူးလွန်ကလည်း၊
မုန်းကြသူများ ရန်သူပွား၍၊
ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏၊
မိန်းမပဏ္ဍုပ် မျိုးယုတ်ခါခါ၊
မျက်နာမလှ အရှက်ရလျက်၊
ရူပ ဣနြေ္ဒ ယွင်းသွေ ချို့သိမ်၊
စိုးရိမ်များစွာ ချစ်သူကွာသည်၊
ရှောင်ခါအပြန် အကျိုးတသည်း။
သုရာမေရယ။
သေရည်သောက်လင့်၊ သင့်-မသင့်၌
ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊
ခပင်များထို၊ အကုသိုလ်ကို၊
မငြိုလွယ်စွာ၊ ပြုကျင့်ရသည်၊
ရှောင်ခါအပြန်၊ အပြန်အကျိုးတည်။
ဧည့်သည်
လာတုန်းကလည်း တစ်ယောက်တည်း
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်း
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့ဝေး မပြန်သေးခင်၊
ချိန်လေးတွင်း၌ ပြုံးရယ်မဲ့ငို၊
ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ထိုလျင်ဧည့်သည်တွေပါတကား။
တူညီစေလို။
အကုသိုလ်နှင့် ကုသိုလ်နှစ်ပါး
ကံတရားကား မယားပြုရာ
စိတ်မပါလျင် လင်မှာမရ
လင်ပြုကလည်း မိန်းမအိမ်သူ
စိတ်မတူသော်
မှတ်ယူမှန်စွာ မရရှာဘူး။
သူဇာ၊ မဃ၊ အသယှတို့
ရှေ့ဝတ္ထု နှိုင်းယှဉ်ရှု၍
အကုသလ ကုသလ၏
ကမ္မဿကာ လက္ခဏာကို
မြဲစွာဝမ်းတွင်း နှလုံးသွင်းလော့။
(မဃဒေဝ)
နိယာမတရား။
လောကတစ်လွား၊ လူအများကား
ဖွားကြတွင်တွင်၊ အပြိုင်ပင်တည်း
ရှင်းပြီသည်နောက်၊ အထောက်ထောက်လျှင်
မဖောက်မလွဲ သေကြမြဲတည်း၊
တလဲလဲဖြစ် ဖြစ်ဖြစ်တိုင်းသေ
သေဖို့ရှိက ရှင်းပြရသည်
ဓမ္မနိယံသဘောတည်း။
(ဦးဆန်းထွန်း)
ရဟန်းကြွလာ ကျိုးငါးဖြာ
၁။ ရဟန်းကြွလာ ကြည်ညိုပါ၊
နတ်ရွာ ရောက်ကြောင်းတည်း၊
၂။ ခရီးကြိုကာ ပေးနေရာ
မြတ်စွာ အကျိုးတည်း၊
၃။ ဝန်တိုးဣဿာ ပယ်ဖျောက်ပါ
မဟာတန်ခိုးကြီး၊
၎။ စွမ်းသမျှသာ ပေးလှူပါ
ဥစ္စာပေါကြောင်းတည်း၊
၅။ မသိမေးပါ တရားနာ
ပညာကြီးကြောင်းတည်း၊
ရဟန်းကြွလာ ကျိုးငါးဖြာ
ဗုဒ္ဓမိန့်ခွန်းတည်း။
ဘဝရိက္ခာ။
ဟိုပုဂ္ဂိုလ်ကြီး မလှူချင်
အထုပ်ကလေး တပြင်ပြင်
အထုပ်ရှင်မှာ သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား
အထုပ်ရှင်မှာ အလကား
ဘာမှလဲ ပါမသွား
သေရွာသွားတော့ အပါယ်လား
ကုသိုလ်ပုည ပြုမှာတော်
အဖော်ပါမှ စိတ်မှာအေး
ဘဝဖန်ခါ ရိက္ခာဆေး။
မတွဲသင့်သောအရာများ
ရွှံ့ညွှန်သည် ရေကြောင့်ဖြစ်၏
ရေကြောင့်ဖြစ်သော ရွှံ့ညွှန်ကို
စင်ကြယ်စေလိုလျှင်
ရေဖြင့်ပင် ပြန်လည်ဆေးကြောရ၏
ထို့အတူ လောဘ၊ဒေါသ၊မောဟ စသော
ကိလေသာများသည် စိတ်ကြောင့်ဖြစ်၏
စိတ်ကြောင့်ဖြစ်သော လောဘ ၊ဒေါသ ၊မေဟ၊ စသော
ကိလေသာများစင်ကြယ်စေလိုလျှင်
စိတ်(ဝိပဿနာ)ဖြင့်ပင်
ပြန်လည်ဆေးကြောရ၏။
(မေတ္တာရှင်-ရွှေပြည်သာ)
သဘောထားသေးသိမ်သောသူသည်
သူတစ်ပါးကို အပြစ်သာ မြင်လေ့ရှိ၏
သဘောာထားပြည့်ဝသော သူများကား
မိမိအပြစ်ကိုသာ မြင်လေ့ရှိ၏
သဘောထားအပြည့်ဝဆုံး ပုဂ္ဂိုလ်များကား
မည်သူကိုမှ အပြစ်မမြင်တော့ချေ။
(မေတ္တာရှင်-ရွှေပြည်သာ)
မတွဲသင့်သော အရာများ
(၁)။ လူငယ်တို့သဘာဝအရ ရည်းစား ဘဝတွင် အချစ်နှင့်ကာမ မရောသင့်။(ပြဿနာရှုပ်တတ်သည်)
(၂)။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်နှင့်လူမှုရေး မရောသင့်။(မျက်နာပျက်တတ်သည်)
(၃)။ အလုပ်လုပ်ရာတွင် စာအုပ်ထဲကအတိုင်းနှင်လက်တွေ့မလုပ်သင့်။
(လုပ်ငန်းမအောင်မြင်ဘဲ ဖြစ်တတ်သည်)
(လုပ်ငန်းမအောင်မြင်ဘဲ ဖြစ်တတ်သည်)
(၄)။ ပေါင်းသင်းဆက်ဆံရာတွင် ခင်မင်မှုနှင့်ငွေကြေးမရောသင့်။(ငွေကြေးရှုံးတတ်သည်)
(၆)။ ရုံးကိစ္စဆောင်ရွက်ရာတွင် ရုံးကိစ္စနှင့် အိမ်တွင်းရေးမရောသင့်။(တာဝန်ကိုထိခိုက်တတ်သည်)
(၇)။ ကိုယ်ပညာကိုအသုံးပြုရာတွင် ပညာနှင့်မာန မရောသင့်။(အမှားတွေ့တတ်သည်)
(၈)။ လုပ်ငန်းဆောင်ရွက်ရာတွင် သခင်နှင့်ကျွန်မရောသင့်။(စော်ကားခံရတတ်သည် ကမ်းတက်တတ်သည်)
(၉)။ မွေးမြူရေးတွင် လူနှင်အဆိပ်ရှိသတ္တဝါ မရောသင့်။(အန္တရာယ်ဖြစ်တတ်သည်)
(၁၀)။ လူလူချင်းဆက်ဆံရာတွင် ပညာရှိနှင့် လူမိုက် မရောသင့်။(အကျိုးယုတ်တတ်သည်)
(၁၁)။ ပေါင်းသင်းဆက်ဆံရေးတွင် သူတော်ကောင်းနှင့် သူယုတ်မာ မပေါင်းသင့်။(အကျိုးပျက်စီးတတ်သည်)
(၁၂)။ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောကျာ်းနှင့် အိမ်ထောင်ရှင်မိန်းမ မပေါင်းသင့်။
(မှားယွင်းတတ်သည်)
(မှားယွင်းတတ်သည်)
(၁၃)။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင် မိန်းမနှင့် လူပျို မရောသင့်။(မှားယွင်းတတ်သည်)
(၁၄)။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောကျာ်းနှင့် အပျို မရောသင့်။(မှားယွင်းတတ်သည်)
(၁၅)။ တရားအားထုတ်ရာတွင် ရဟန်းနှင့် ဒကာမ မရောသင့်။
(တရားပျက်တတ်သည်အပါယ်ရောက်တတ်သည်)
(တရားပျက်တတ်သည်အပါယ်ရောက်တတ်သည်)
(၁၆)။ တရားအားတုတ်ရာတွင် ရဟန်းမ(သို့)သီလရှင်နှင့် ဒကာ မရောသင့်။(တရားပျက်တတ်သည် အပါယ်ရောက်တတ်သည်)
(၁၇)။ တရားအားထုတ်ရတွင် ရဟန်းနှင့် ရဟန်းမ(သို့)သီလရှင် မရောသင့်။(တရားပျက်တတ်သည် အပါယ်ရောက်တတ်သည်)
(၁၈)။ တရားအားထုတ်ရာတွင် ဒကာနှင့်ဒကာမ မရောသင့်။(တရားပျက်တတ်သည် အပါယ်ရောက်တတ်သည်)
(၂၀)။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအတီအမှုတ်နှင့် အနောက်တိုင်းအတီအမှုတ် မရောသင့်။
(ရိုးရာယဉ်ကျေးမှုပျက်တတ်သည်)
(ရိုးရာယဉ်ကျေးမှုပျက်တတ်သည်)
(၂၁)။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာသီးချင်းနှင့်အနောက်တိုင်းသီချင်းတို့ မရောသင့်။ (ရိုးရာယဉ်ကျေးမှုပျက်တတ်သည်)
(၂၂)။တရားစီရင်ရာတွင် ဥပဒေနှင့် ခင်မင်မှု မရောသင့်။(တာဝန်ထိခိုက်တတ်သည် မှားတတ်သည်)
(၂၃)။ ဘာသာရေးတွင် ဘာသာရေးနှင့် စီးပွားရေး မရောသင့်။(ဘာသာရေးထိခိုက်တတ်သည်)
(၂၄)။သမ္မာဒိဋ္ဌိအယူတွင် ရတနာမြတ်သုံးပါးနှင့်ရိုးရာနတ်၊ ဘိုးတော် ၊မယ်တော်၊ ပျောက်စေဆရာတို့နှင့် မရောသင့်။(အယူလွဲတတ်သည် အပါယ်ကျတတ်သည်)
(၂၅)။ စိတ်ထားကောင်းကောင်းဖြင့် ဆောင်ရွက်ရတွင် စေတနာနှင့်အသပြာ မရောသင့်။(နာမည်ပျက်တတ်သည်)
(၂၆)။ ကုန်သွယ်ရာတွင် သံကုန်သည်နှင့် မြေအိုးမြေခွက်ကုန်သည် မရောသင့်။(နှစ်ဦးနှစ်ဖက် အကျိုးယုတ်တတ်သည်)
(၂၇)။ ကုန်သွယ်ရာတွှင် အထည်ကုန်သည်နှင့် မိးသွေးကုန်သည်သည် မရောသင့်။(နှစ်ဦးနှစ်ဖက် အကျိုးယုတ်တတ်သည်)
(၂၈)။အိမ်မှုကိစ္စတွင် ကလေးနှင့်ခွေးကို ရောမထားသင့်။(အန္တရာယ်ရှိတတ်သည်)
(၂၉)။ စိတ်ရှိတိုင်း အအိပ်မကြူးသင့်။(ကျန်းမာရေးထိခိုက်တတ်သည်)
(၃၀)။ စိတ်ရှိတိုင်း အစားမကြူးသင့်။(ကျန်းမာရေးထိခိုက်တတ်သည်)
(၃၁)။စိတ်ရှိတိုင်း အရက်ဆေးလိပ်မသောက်သင့်။(ကျန်းမာရေးထိခိုက်တတ်သည်)
(၃၂)။သဘာဝတရားဖြစ်ရပ်မှန်နှင့် ပကာသနတရားလုပ်ဆောင်မှုတို့ကို မရောသင့်။(နှစ်ဖက်စလုံး ဆုံးရှုံးတတ်သည်)
(၃၃)။အချင်းချင်း ဓားလှံတို့ဖြင့်မကစားသင့်။(အန္တရာယ်ဖြစ်တတ်သည် သေတတ်သည်)
(၃၄)။ အချင်းချင်း သေနတ်ခဲယမ်းမီး ကျောက်တို့ဖြင့် မကစားသင့်။
(အန္တရာယ်ဖြစ်တတ်သည် သေတတ်သည်)
(အန္တရာယ်ဖြစ်တတ်သည် သေတတ်သည်)
(၃၅)။စကားပြောရာတွင် အလေးအနက်ပြောရမည့်စကားကို ဟာသစကားနှင့် မရောသင့်။
(လုပ်ငန်းတာဝန်ထိခိုက်တတ်သည်)
(လုပ်ငန်းတာဝန်ထိခိုက်တတ်သည်)
(၃၆)။စေတနာထားရမည့်ကိစ္စတွင် စေတနာကို အငြိုးတရားဖြင့် မရောသင့်။(မှားတတ်သည်)
(၃၇)။ အလှူပေးရာတွင် သဒ္ဓါတရားကို တွန့်တိုမှုနှင့် မရောသင့်။(တရားပျက်တတ်သည် အကျိုးမဲ့ဖြစ်ရတတ်သည်)
(၃၈)။မေတ္တာတရားထားရာတွင် မေတ္တာတရားကို အာဃာတတရားဖြင့် မရောသင့်။(တရားပျက်တတ်သည်)
(၃၉)။လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ပါလက်ပါဆောင် ရွက်ရမည့် လုပ်ငန်းကို ပျင်းရိခြင်းနှင့် မရောသင့်။
(လုပ်ငန်းဆုံးရှုံးရတတ်သည်)
(လုပ်ငန်းဆုံးရှုံးရတတ်သည်)
(၄၀)။အရေးပေါ်လုပ်ငန်း ဆောင်ရွက်ရာတွင်ချက်ချင်းလုပ်ရမည့် လုပ်ငန်းကို အချိန်ဆွဲခြင်း အချိန်ရွေးခြင်းတို့နှင့် မရောသင့်။(လုပ်ငန်းကျဆုံးတတ်သည်)
(၄၁)။မှန်ကန်စွာသုံးသပ်ရာတွင် ပကတိ အစစ်အမှန် ဖြစ်ရပ်ကို အတုယောင်တို့နှင့် မရောသင့်။(ဘစတစ်ခုလုံးနှစ်နာဆုံးရှုံးရတတ်သည်)
(တင်ဦး(ကသာ)-)
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
ဝိဝါဒ ကွဲပြားနေခြင်း မညီညွတ်ခြင်း ရန်ဖြစ်နေခြင်းသည် ဘေးဒုက္ခဆင်းရဲသို့သာ ရောက်စေနိုင်သည်၊ ညီညွတ်၍ ကိုယ်စိတ်နှစ်ပါးတို့ အတူတကွ ငြိမ်းချမ်းခြင်းသည် အမြင့်ဆုံး နိဗ္ဗာန်ချမ်းသာအထိ ရောက်စေ နိုင်ကြောင်း ဘုရားရှင် အဆို အဆုံးအမ များကိုလည်း အမြဲတမ်း ကိုယ်စီ နှလုံးသွင်းနိုင်ကြပါစေ။
(အရှင်ပညာသီဟ)
Wednesday, November 23, 2011
ကောသလ အိပ်မက် တစ်ဆယ့်ခြောက်ချက်
ကောသလမင်းမြင်မက်သော အိပ်မက်တစ်ဆယ့်ခြောက်ချက်နှင့် ယင်း
အိပ်မက် နိမိတ် အသီးသီး၏ အပြစ်သဘောကို မြတ်စွာဘုရား
ဟောကြားချက်တို့မှာအောင်ပါအတိုင်း ဖြစ်သည်။
(၁)အိပ်မက်။
နွားလေးကောင်သည်.ဝှေ့ကြတော့မယောင် မဝှေ့ပဲ
ရှောင်သွားကြသည်ဟုမြင်မက်သည်။
နိမိတ်။
ဤ အိပ်မက် နိမိတ် အရ လူသားများ တရားကင်းမဲ့လာသော
ခေတ်ကာလ အရပ်ဒေသ တို့တွင် မိုးခေါင် လိမ့်မည်။
ရွာမယောင်ဟန်ပျိုးပြီး မရွာဘဲ စဲကြလိမ့်မည်ဟု ကြိုတင်၍ သိစေသည်။
(၂)အိပ်မက်။
သစ်ပင်တို့သည် မြေမှ တစ်ထွာ တစ်ထောင်ခန့်
ငယ်ငယ်ရွယ်ရွယ်မှာပင် အပွင့်များပွင့်၍ အသီးများ သီးနေကြသည်။
နိမိတ်။
အသက်တန်းတို သောခေတ်၊လူတို့သည် တဏှာ ရာဂ
ထူပြောပြီ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုကြလိမ့်မည်။
(၃)အိပ်မက်။
နွားမကြီးသည် မွေးကာစ နွားကလေး၏ နို့ကိုစို့သည်ဟု မြင်မက်သည်။
နိမိတ်။
နောင်ခေတ်တွင် လူကြီးမဘ၊ယောက်ခ မတို့သည်ထိုက်တန်သော
ရိုသေလေမြတ်မူကို မရရှာဘဲ ကိုးကွယ်ရာမဲ့ကြသဖြင့် သားသမီး
ချွေးမတို့၏ အလိုကိုလိုက်ပြီး အသက်မွေးကြရရှာသည်။
(၄)အိပ်မက်။
ခွန်အားဗလ ကြီးမားသော နွားကြီးတို့ကို မခိုင်းဘဲ နွားငယ်ကလေးများကိုသာ
လှည်းတပ် ခိုင်းရာ ယင်းနွားငယ် ကလေးများမှာ ၀န်ကိုမနိုင်ပဲ မရုန်းဘဲရပ်
နေကြသည်ကိုမြင်သည်။
နိမိတ်။
နောင်ခေတ်တွင် ပညာပြည့်ဝသော အရည်ချင်းရှိသော လူကြီးများကို အသုံးမပြု၊
ပညာမဲ့သော လူငယ်များကိုသာ အသုံးပြု ချီးမြောက်လိမ့်မည်။
ထိုနုနယ်သူများကလည်း တာဝန် မထမ်းဆောင်နိုင်သော အခါ တာဝန်ပျက်ကွက်ကြမည်။
ပညာ အရည် အချင်း ပြည့်ဝသူများကလည်း အချီးအမြောက် မခံရ၍ ဖာသာလ၀ါ
နေကြလိမ့်မည်။
(၅)အိပ်မက်။
ပါးစပ် နှစ်ခုရှိသော မြင်းသည် ဘေးနှစ်ဖက်ကပေးသော မုယောနံကို
ပါးစပ်နှစ်ခုဖြင့်ပင် စားသည် ဟုမြင်မက်သည်။
နိမိတ်။
နောင်အခါတွင် တရားသူကြီးအချို့သည်(ရှေ့နေအချို့)သည် အမူသည်
နှစ်ဖက်လုံးထံမှ လာဘ်စားကြလိမ့်မည်။
(၆)အိပ်မက်။
တစ်သိန်းတန်း ရွှေခွက်ထဲတွင် ကျင်ငယ်စွန်ရန် မြေခွေးအားပေး၏
နိမိတ်။
နောင်ခေတ်တွင် မင်းချီးမြှောက် မခံရသော် ဆင်းရဲနွမ်းပါသော
အမျိုးကောင်းသားတို့က မင်းမြှောက်ခံရသော အမျိုးယုတ်သူတို့အား
စီးပွားရေးကြောင့် မိမိတို့သမီးကို ပေးကြရလတ္တံ။
(၇)အိပ်မက်။
ယောကျာ်းတစ်ယောက် ကြိုးကျစ် နေစဉ် ခွေးမသည် ကြိုးစကို
တိတ်တဆိတ် စားနေသည်ဟုမြင်မက်၏။
နိမိတ်။
နောင်ခေတ်တွင် မိန်းမအချိုသည် အ၀တ်အစားလော်လီမည်
အလည် အပတ် အသွားအလာ လော်လီမည် အရက်သေစာ
သောက်စားကြလိမ့်မည် တစိမ်းယောကျာ်း များနှင့် လော်လီမည်
ကိုယ်ကျင့်တရား ကင်းလိမ့်မည် အိမ်မှု ကိစ္စ တို့ကို မလုပ်ဘဲ
လင်ရှာပြီး ရပြီသော ပစ်စည်းများကိုဖြုန်းတီးကြမည် လင်ငယ်နေကြလိမ့်မည်။
(၈)အိပ်မက်။
အိုးများစွာအနက် အလယ်က ရေပြည်နေသည့်အိုးကြီးထဲသို့သာ
လူအများက ၀ိုင်းပြီး ရေထပ်ထည့်ကြသည်။ ဘေးက ရေမရှိသော
အိုးများထဲသို့ရေမထည့်ကြဟု မြင်မက်သည်။
နိမိတ်။
နောင်အခါတွင် မင်းတို့သည် ဆင်းရဲကြမည် ထိုအခါတိုင်းသူပြည်များအား
မင်းမှုကိစ္စ မင်းအမူကိုသာ လုပ်ကိုင်စေလိမ့်မည် လူတို့သည် ကိုယ်အမှု
ကိုယ်အလုပ်ကိုစွန့်ပြီးမင်ကိစ္စ မင်းမှုကိုသာဆောင်ရွက် ကြလိမ့်မည်။
(၉)အိပ်မက်။
ရေကန်ကြီး တစ်ခုတွင် အလယ်က ရေနောက်ပြီးကမ်းစပ်တွင်
ရေကြည်နေသည်ဟု မြင်မက်သည်။
နိမိတ်။
နောက်အခါတွင် မင်းတို့တရားမဲ့ပြီ ပြည်သူတို့ကိုနှိပ်စက်သဖြင့်
ပြည်သူများသည် မြို့ ရွာ များကို စွန့်ပြီး မြို့စွန်ရွာစွန်သို့
ပြောင်းရွေ့နေထိုင်ကြမည်။ မြို့တွင်းရွာတွင်းမစည်ကားဘဲ
မြို့စွန်ရွာစွန်သာလျင် စည်ကားလိမ့်မည်။
(၁၀)အိပ်မက်။
အိုးတလုံးတည်းဖြင့် ထမင်းချက်ရာတချို့ကပျော့ တချို့၊ကမာ၊ တချို့
ကအလောတော်ကျက် ၏ဟု မြင်မက်၏
နိမိတ်။
နောင်အခါတွင် လူတို့တရားပျက်ကြပြီး မိုးကွက်ကျား
ရွာလိမ့်မည် မိုးကောင်းစွာ မရွာလတံ့။
(၁၁)အိပ်မက်။
တသိန်းတန် စန္ဒကူ နံ့သာနစ်ကို ပုန်းရည်ဖြင့်လဲနေသည်
ကိုမြင်မက်သည်။
နိမိတ်။
နောင်အခါ အလဇ္ဇီ ရဟန်းတို့သည် ဆွမ်း သင်္ကန်း ကျောင်း ဆေး
ဟူသော ပစ္စည်း လာဘ် လာဘ မက်မောပြီ ပစ္စည်းရဘို့ အတွက်
တရားဟောကြ လတံ္တ ပစ်စည်းနှင့်တရး လဲကြလတံ့ နိဗ္ဗာန်ရရေးအတွက်
အဓိက ထားပြီး မဟောကြ မပြောကြတော့အံ့။
(၁၂)အိပ်မက်။
ဗလာဖြစ် ဗူးတောင်းသည် ရေထဲမှာ မြုပ်သည်ဟု မြင်မက်သည်။
နိမိတ်။
နောင်အခါ အမျိုးကောင်းသား ပညာရှိတို့ လူရာမ၀င် လူညံ့ လူယုတ်မာ
တို့သာ ပေါ်ထင်ကြ လိမ့်မည်။ အလဇ္ဇီ ရဟန်းတို့သာ အရာရောက်လိမ့်မည်။
(၁၃)အိပ်မက်။
ဧရာမ ကျောက်ခဲကြီးသည် ရေပေါ်တွင် ပေါ်နေသည်ဟု မြင်မက်သည်။
နိမိတ်။
နောင်အခါတွင် သူမြတ်တို့ လူရာမဝင်ဘဲ သူညံ့ သူယုတ်
တို့သည်သာ တွင်ကျယ်လတံ့ သီလရှိသော ရဟန်းတို့သည်
သြဇာ ကျဆင်းလတံ္တ။
(၁၄)အိပ်မက်။
ဖားမ ငယ်ကလေးများသည် အဆိပ်ပြင်းထန်သော မြွေကြီးများကို
စားပစ်ကြသည်ဟု မြင်မက်သည်။
နိမိတ်။
နောင်အခါတွင် ယောကျာ်း တို့သည် ကိလေသာ တဏှာ ထူပြောလာပြီး
မယားငယ်ငယ်လေးများကို ယူ၍ ယင်းမယားများ၏
ပြုသမျှ ကို ခံကြရလိမ့်မည်။
(၁၅)အိပ်မက်။
ကျီးယုတ်ကို ရွှေဟင်္သာတို့က ခစား နေသည်ကို မြင်မက်သည်။
နိမိတ်။
နောင်အခါတွင် အမျိုးမြတ်သော ပညာရှိတို့သည် စားဝတ်နေရေးအတွက်
အမျိုးယုတ်သူတို့ထံ အခစား အလုပ်လုပ်ကြရလိမ့်မည်။
(၁၆)အိပ်မက်။
ဆိတ်တို့သည် ကျားသစ်တို့ကို စားကုန်၏ ကျားသစ်တို့ကလည်း ဆိတ်တိုကို
ကြောက်သောကြောင့် အဝေးကပင် ပြေးကုန်၏။
နိမိတ်။
နောင်အခါတွင် အမျိုးယုတ်တို့သည် မင်းနှင့်အကျွမ်းဝင်မှု ချီးမြောက်မှုကို
နောင်အခါတွင် အမျိုးယုတ်တို့သည် မင်းနှင့်အကျွမ်းဝင်မှု ချီးမြောက်မှုကို
ခံရသောအခါ အမျိုးမြတ်သူတို့ အပေါ်မှာ နိုင်လိုမင်းထက်ပြုကလတံ့၊
လယ်ယာပစ္စည်းတို့ကို မတရား တရားစွဲကာ ရယူကြလတံ့၊ အလဇ္ဇီရဟန်းတို့သည်လည်း
သီလဝန္တ ရဟန်းသံဃာများကို နှိပ်စက်ကြလတံ့။
Subscribe to:
Posts (Atom)