Tuesday, October 18, 2011

တရားခံကငါ

သူကပေးတဲ့ အပူ
သူပြောတဲ့ စကား
ငါ့ကိုစော်ကား
စဉ်းစားတိုင်း ဒေါသပွား
တွေးမိတိုင်း သောကပွား
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်
ငါ့ရင်ထဲမှာ မီးတောက်
ကြာလာတော့ စိတ်ပြေ
မေ့လိုက်တော့ သက်သာ
ခွင့်လွတ်တော့ ချမ်းသာ
တရားးခံက
ငါ့ဒေါသ
ငါ့မာန
ငါ့အတ္တ
သူပေးတဲ့ အပူ
မယူလည်းရသားနဲ့
နောက်များဆို မယူဖို့
ငါ့စိတ်ကို ဆုံးမထား
မြတ်ဗုဒ္ဓ၏ ဆုံးမစကား

No comments:

Post a Comment