Friday, October 7, 2011

မေတ္တာရေစင်

မေတ္တာဆိုတာ
ရေလိုပါပဲ
ရေဟူသည် အပူငြိမ်း
အေးကိန်းကြုံမြဲ

ဒေါသဆိုတာ
မီးလိုပါပဲ
မီးဟူသည် အပူဓာတ်
လောင်ဟပ်စမြဲ

ဆန်းကျင်ဘက်ပစ္စည်း
ရေနှင့်မီး ပမာယူ
ဒေါသနှင့်မေတ္တာတရား
လားလားမျှမတူ

လူ့ဘ၀သက်တမ်းမှာ
အေးချမ်းစွာနေလိုသူ
အပူကိုရှောင်ကွင်းကြ
မီးဆယ့်တစ်ပါးကိုလ
ညီလျက် မပွားအောင်ပ
ကြိုးစားကာ ပြစ်ဘယာတွေစင်ဖို့
မေတ္တာရေစင်တွင်တွင်ဖျန်းလျင်ဖြင့်
အေးချမ်းပေစွ.........။

No comments:

Post a Comment