Tuesday, October 18, 2011

ရည်ရွယ်ချက်

        အကယ်၍ သင်သည် လောက၏၀န်ထုပ် ၀န်ပိုးကိုပေါ့ပါးစေလိုလျှင်လည်းကောင်း 
လူ့ဘောင်လောကကြီး ကိုလူအများ တောင်းတနေတဲ့ ငြိမ်းချမ်းရေးဆီသို့ ပိုနီးသွားအောင်သယ်ဆောင်ချင်လျှင်လည်းကောင်း ကိုယ်၏ နေအိမ်ကစလိုက်ပါ ကိုယ်ကိုယ်ကိုယ်လွတ်မြောက်အောင် မြင့်မြတ်အောင် စင်ကြယ်အောင် နလုံးသား၏ 
ဆန္ဒများကို သန့်ရှင်းအောင်လုပ်လိုက်ပါ။ လောကကြီးတစ်ခုလုံး၌ လူလောက၏ 
အကျိုးကို ရည်မှန်းပြီလုပ်သော အလုပ်ထက် ပို၍ကြီးကြယ်သောဆောင်ရွက်မူ မရှိ
လောကအတွက် ကူညီမူထက်ပို၍မြင့်မြတ်သော ကူညီမူ မရှိ။ အဘယ်ကြောင့်ဆိုသော်
လူတိုင်းလူတိုင်းသည် လူလောကကြီး၏အစိတ်အပိုင်း တစ်ခုစီ ဖြစ်သောကြောင့်တည်း။

No comments:

Post a Comment