Monday, October 31, 2011

မယ်တော်မာယာ၏ အိပ်မက်တော်

ကပိလ၀တ်နေပြည်တော်၌ ၀ါတွင်းခုနှစ်ရက်ပတ်လုံး ပွဲလမ်းသဘင်ပွဲ ကျင်းပသည်၊ ထိုသဘင်ပွဲတွင် အရက်သေစာလုံးဝ မသောက်ကြ၊ ပန်းအမျိုးမျိုး အမွှေးနံသာအဖုံဖုံဖြင့် သဘင်ပွဲကိုတင့်တယ်စေခဲ့သည် ၀ါဆိုလပြည့်နေ့နံနက်တွင် မယ်မာယာသည် နံသာရေဖြင့် ရေချိုး၍ အ၀တ်သစ်ကို ၀တ်ဆင်၍ မြတ်သော အစာကို စားသုံးသည်။ ဥပုသ်သီလ ခံယူဆောက်တည်ပြီးကာ သိန်းပေါင်းများစွာ အလှူကြီးပေးသည်။ ထိုဝါဆိုလပြည့်နေ့ညတွင် မယ်တော်မာယာ ၀မ်းကြာတိုက်၌ အလောင်းတော် ဗုဒ္ဓ သန္ဓေယူလေသည်။ သန္ဓေယူအံဆဲဆဲ အခါတွင် မယ်တော်မာယာ အိပ်နေခိုက် အိပ်မက်ထူးကို မြင်မက်ခဲ့ခြင်းဖြစ်သည်။    နတ်မင်းကြီးလေးပါးက မယ်တော်မာယာကို အိပ်ရာညောင်စောင်းနှင့်တကွ မှချီ၍ ဟိမ၀န္တာသို့ ယူဆောင်ပြီ ဆေးဒန်းမြင်းသီလာ ကျောက်ဖြာထက်၌ ချထားကြ၏ ထိုအခါ နတ်မိဘုရားတို့က မယ်မာယာကို အန၀တတ်အိုင်သို့ ဆောင်ယူ၍ ရေချိုးစေပြီ အ၀တ်အစားသစ် လဲလှယ်ပေးခြင်း နံသာလိမ်းခြင်း စသည်တို့ကို ပြုလုပ်ပြီးနောက်၌ အန၀တတ်အိုင် အနီးရှိ ငွေတောင်ကြီး အတွင်းကရွှေဗိမာန်ထဲမှာ အရှေ့ဘက်ကို ဦးခေါင်းထား၍ သိပ်ပေးထား၏ ထိုအခါ ဆင်ဖြူတော်တစ်စီးသည် ရွှေတောင်ပေါ်မှဆင်း၍ ငွေတောင်သို့တက်၏ ကြာဖြူကိုနှာမောင်းဖြင့် ကိုင်လျက် မြောက်ဘက်မှလာ၏ ကြိုးကြာသံမည်လျက် မယ်တော်မာယာ အိပ်ရာကိုလက်ျာ ရစ်သုံးပတ်လှည့်ပြီး မယ်တော်မာယာ၏လက်ျာနံဘေးကို ခွဲလျက် ၀မ်းကြာတိုက်၌ တည်လေ၏

Tuesday, October 18, 2011

ရည်ရွယ်ချက်

        အကယ်၍ သင်သည် လောက၏၀န်ထုပ် ၀န်ပိုးကိုပေါ့ပါးစေလိုလျှင်လည်းကောင်း 
လူ့ဘောင်လောကကြီး ကိုလူအများ တောင်းတနေတဲ့ ငြိမ်းချမ်းရေးဆီသို့ ပိုနီးသွားအောင်သယ်ဆောင်ချင်လျှင်လည်းကောင်း ကိုယ်၏ နေအိမ်ကစလိုက်ပါ ကိုယ်ကိုယ်ကိုယ်လွတ်မြောက်အောင် မြင့်မြတ်အောင် စင်ကြယ်အောင် နလုံးသား၏ 
ဆန္ဒများကို သန့်ရှင်းအောင်လုပ်လိုက်ပါ။ လောကကြီးတစ်ခုလုံး၌ လူလောက၏ 
အကျိုးကို ရည်မှန်းပြီလုပ်သော အလုပ်ထက် ပို၍ကြီးကြယ်သောဆောင်ရွက်မူ မရှိ
လောကအတွက် ကူညီမူထက်ပို၍မြင့်မြတ်သော ကူညီမူ မရှိ။ အဘယ်ကြောင့်ဆိုသော်
လူတိုင်းလူတိုင်းသည် လူလောကကြီး၏အစိတ်အပိုင်း တစ်ခုစီ ဖြစ်သောကြောင့်တည်း။

ကွာရှင်းပြတ်စဲအပ်သောမယား

မေး........။ မည်သည့် မယား မျိုးကို ကွာရှင်းပြတ်စဲရမည်ဟု မြတ်စွာဘုရားဟောကြားချက်ရှိပါသလား။
ဖြေ........။ မရှိပါ မြတ်စွာဘုရားဟောတော်မမူပါ။
             မည်သည့်မယားကို စွန့်ပစ်ရမည်ဆိုသော ညွန်ကြားချက်မျိုးသည် ဓမ္မသတ်ကျမ်း နီတိကျမ်းများ
ကသာဖြစ်ပေါ်လာခြင်း ဖြစ်သည်။
          မြုံသောမယား၊ ယောက်ျားလေးမမွေးသောမယား၊ ကုဋ္ဌနူနာရှိသောမယား၊လင်ကိုမရိုသေသောမယား၊ လင်ကိုအလိုမရှိသောမယား။ ဤမယားတို့ကိုကွာရှင်းစွန့်ပစ်ရမည်ဟု ရှေ့ဓမ္မသတ်ကျမ်းတို့ကဆို၏
          လင်နှင့်ငြင်းခုံသောမယား၊ ငြူစူစောင်းမြောင်းတတ်သောမယား၊ အရာရာလိုခြင်တတ်မက်သောမယား၊ အိမ်လည်တတ်သောမယား၊ ပေါက်ကရပြောတတ်သောမယား၊ အအိပ်ကြီးသောမယား။ ဤမယားတို့ကို သားသမီးတစ်ရာပင်ရှိသော်လည်း ကွာရှင်းပစ်ရမည်ဟု နီတိကျမ်းကတို့က ဆို၏

ရန်သူကိုအောင်နည်း

မေး........။  မတ်စွာဘုရားသည် လောကီရေးဖြစ်သော ရန်သူကို အနိုင်ယူအောင်မြင်နည်းကို
             ဟောကြားဖူးပါသလား။
ဖြေ........  ။  ဟောကြားဖူးပါသည် မျောက်မင်းဇာတ်တွင် ဟောကြားဖူးပါသည်။
              လောကီရန်ကိုအောင်မြင်နည်းက လေးပါးရှိပါသည် 
            ၁။ သစ္စာ=မှန်ကန်သော စကားပြောခြင်း
            ၂။ ဓမ္မ =   ပညာဥာဏ်ဖြင့် ဆင်ခြင်ခြင်း
            ၃။ ၀ိရီယ = လုံးလမပြတ် ကြိုးစားခြင်း
            ၄။ စာဂ = အသက်စွန့်၍ဆောင်ရွက်တန်လျင် ဆောင်ရွက်ခြင်း
ဤလေးချက်နှင့်ပြည့်စုံသူမှန်သမျ ရန်သူကို အောင်မြဲ ဟုဟောကြားဖူးပါသည်။

တရားခံကငါ

သူကပေးတဲ့ အပူ
သူပြောတဲ့ စကား
ငါ့ကိုစော်ကား
စဉ်းစားတိုင်း ဒေါသပွား
တွေးမိတိုင်း သောကပွား
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်
ငါ့ရင်ထဲမှာ မီးတောက်
ကြာလာတော့ စိတ်ပြေ
မေ့လိုက်တော့ သက်သာ
ခွင့်လွတ်တော့ ချမ်းသာ
တရားးခံက
ငါ့ဒေါသ
ငါ့မာန
ငါ့အတ္တ
သူပေးတဲ့ အပူ
မယူလည်းရသားနဲ့
နောက်များဆို မယူဖို့
ငါ့စိတ်ကို ဆုံးမထား
မြတ်ဗုဒ္ဓ၏ ဆုံးမစကား

Thursday, October 13, 2011

ပါရမီရှိသူတိုင်း တရားထူးမရနိုင်ပုံ

မေး................။ ပါရမီရှိသူတိုင်း ကမ္မဋ္ဌာန်းထိုင်၍ တရားထူးကိုရနိုင်ပါသလော။
                ပါရမီရှိပါလျက် တရားထူးမရနိုင်သူရှိပါသလော။
ဖြေ.................။ပါရမီရှိပါလျက် တရားထူးမရနိုင်သူ ရှိပါတယ် 
                ပုဂ္ဂိုလ် ဘာဖြင့်ပြောရသော် 
အာဠာရ ရသေ့၊ ဥဒက ရသေ့၊ အာဇာတသတ်၊ ဗာရာဏသီ သဌေးသား၊ ဤလေးယောက်သည် ပါရမီရှိပါလျက် မဂ်.ဖိုလ် ကိုမရနိုင်ခဲ့သူများဖြစ်ပါသည်။
                ဓမ္မဓိဋ္ဌာန်အားဖြင်သော်
၁။ အမိ အဖ ကိုသတ်၍ ကံကြီးထိုက်နေသူ။
၂။ မိစ္ဆာအယူစွဲမြဲနေသူ။
၃။ သန္ဓေ ညံ့သူ
၎။ အရိယာ ပုဂ္ဂိုလ်မြတ်အား မတော်မတရားစွတ်စွဲသူ။
၅။ အာပတ်ရှိသော ရဟန်း။
               ဤသူတို့သည် ပါရမီရှိသော်လည်း မဂ်.ဖိုလ် ကိုမရနိုင်ကြပါ၊
                                                                            (မဇ္ဈိမနိကာယ်၊ အလဂဒ္ဒသုတ်)

Wednesday, October 12, 2011

မိုးကြိုအကြောင်းနှင်း ဘုရားရှင်များမစွန်းအပ်သောအရာ

မေး..............။မတ်စွာဘုရားဟုသည် မစွန်အပ်သော အရပ်လေးပါးဟူသည် အဘယ်ပါနည်း။
ဖြေ...............မစွန့်အပ်သောအရပ်လေးပါးမှာ။
                 ၁။ မဟာဗောဓိပင် ပေါက်ရာအရပ်။
                 ၂။ဓမ္မစကြာတရားဦးဟောရာအရပ်။
                 ၃။သင်္ကဿမြို့ရှိ နတ်စောင်းတန်းမှ ပထမခြေချရာအရပ်။
                 ၄။ဇေတ၀န်ကျောင်းရှိ ဂန္ဓကုဋိ၌ညောင်စောင်းခြေချရာအရပ် များဖြစ်သည်။

မေး...........။မိုးကြိုးလက်နက်သည် သိကြာလက်နက်ဖြစ်ပါသလော့ သိကြာလက်နက်ဖြစ်ပါက အဘယ်ကြောင့် ဘုရားစေတီအပေါ်ကျရောက်ပါသနည်း။
ဖြေ..........။မိုးကြိုးသည် အမျိုးမျိုှးရှိသည်
              ၁။ရာသီဥတု အပူအအေးကြောင့် ဖြစ်သောမိုးကြိုး 
              ၂။သိကြာ.နတ်.နဂါး ဘီလူး တို့၏အစွမ်းကြောင့် ဖြစ်သောမိုးကြိုး ။ဟုအခြေခံအားဖြင့် နှစ်မျိုးရှိတယ် တဖန်မိုးကြိုးသည် ကျပုံအလိုက် ကိုးမျိုးရှိတယ်။
 ကျပုံကတော့ ။
             ၁။အသံမမြည်ပဲ ကျသောမိုးကြိုး။
             ၂။တဖက်သွားပါသော မိုးကြိုး။
             ၃။ရီသကဲသို့ ကျသောမိုးကြိုး။
             ၄။ဂျက်ဂျက်မြည်လျက် ကျသောမိုးကြိုး။
             ၅။မျောက်မျက်နာဖော်သကဲသို့ ကျသောမိုးကြိုး။
             ၆။ငါးမြူးသကဲ့သို့ ကျသောမိုးကြိုး။
             ၇။ကြက်တောင်ဖြန့်သကဲ့သို့ ကျသောမိုးကြိုး။
             ၈။ထွန်တုံးကဲ့သို့ ကျသောမိုးကြိုး။
             ၉။လောင်မီးကဲ့သို့ ကျသောမိုးကြိုး။
မိုးကြိုးသွားသည် အဆိုင်အခဲလည်းဖြစ်နိုင်တယ် မီးလည်းဖြစ်နိုင်တယ် အစောင်းထက်သော လေစွယ်လည်း ဖြစ်နိုင်တယ် ။
             ရာသီဥတုကြောင့်ဖြစ်သောမိုးကြိုး နတ်မိစ္ဆာ ဘီလူး တို့ကြောင့်ဖြစ်သောမိုးကြိုး သည် ဘုရားစေတီ အပေါ်ကျရောက်တတ်တယ်။
            သိကြား နတ်ကောင်းတို့၏ လက်နက်မိုးကြိုးမှာ မကောင်းသူများအပေါ်သာကျ ရောက်တတ်တယ်။
                                                                                         (သုတ်မဟာဝါ)

သင်္ဂါယနာ မှတ်တမ်း

ပဌမ သင်္ဂါယနာ.......။
          သာသနာတော်နှစ် (၁) နှစ် မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီး (၃) လနှင့် (၄) ရက်အကြာတွင် ဦးဆောင်ခဲ့သည့်အရှင်က အရှင်မဟာကဿပမထေရ် ဦးဆောင်ပြီးတော့ ရဟန္တာ အပေါင်း (၅၀၀) နှင့် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ ကျင်းပပြုခဲ့သည်။ အကြောင်းအရာကတော့ တောထွက်ရဟန်ကြီး သုဘဒ္ဒ က သာသနာတော် အားဘုရားမရှိတော့ဘူးစသည် အားဖြင့် ထိပါးပုတ်ခတ်သောကြောင့် ကြာမြင့်သည်အချိန်ကာလ ကတော့ (၇) လကြာမြင့်ခဲ့သည်။ တင်ပုံကတော့ နုတ်ဖြင့် ရွတ်ဆိုတော်မူခဲ့ကြသည်။ ဥပသကာမင်းကတော့ အာဇာတသတ်မင်း ခေတ်ပြိုင်မင်းကတော့ ဇမ္ဗူဒီပဒဇမင်း တကောင်သင်းကွဲပြည် မြန်မာနိုင်ငံ။
           
ဒုတိယ သင်္ဂါယနာ..........။
                 သာသနာတော်နှစ် (၁၀၀) ဘီစီ (၄၄၇) ဦးဆောင်ခဲ့တဲအရှင်မြတ်ကတော့ အရှင်မဟာကဿပ သံဃာအရေအတွက်ကတော့ ရဟန္တာအပါး (၇၀၀) ကျင်းပခဲသည့်နေရာကတော့ အိန္ဒိယနိုင်ငံ ဝေသာလီပြည် ၀ါလုကာရုံကျောင်း အကြောင်းအရာကတော့ ဝေသာလီပြည် လဇ္ဇိတိုင်းသား ရဟန်းများက အဓမ္မ၀တ္ထု ဆယ်ပါးကို ဟောပြောကျင့်ဆောင်မှု ကြာမြင်ခဲသည့်အချိန်ကာလကတော့ (၈) လကြာမြင့်ခဲသည့် တင်ပုံကတော့ နုတ်ဖြင့်ရွတ်ဆိုတော်မူခဲကြသည်။ ဥပသကာမင်းကတော့ ကာလသောက မင်း ခေတ်ပြိုင်မင်းကတော့ ဒွတ္တဘောင်မင်း သရေခေတ္တရာပြည် မြန်မာနိုင်ငံ။


တတိယ သင်္ဂါယနာ
             သာသနာတော့နှစ် (၂၃၅) ဘီစီ  (၃၀၈)  ဦးဆောင်ခဲ့သည့်အရှင်မြတ်ကတော့ အရှင်မဟာမောဂ္ဂလိပုတ္တမထေရ် ဖြစ်ပါသည် သံဃာအရေအတွက်ကတော့ ရဟန္တာ (၁၀၀၀) ကျင်းပခဲ့သည်နေရာကတော့ အိန္ဒိယနိုင်ငံ ပါဋလိပုတ်ပြည် အာသောကရုံကျောင်း အကြောင်းအရားကတော့ တိတ္ထိ ရဟန်း (၆၀၀၀၀) တို့သည် အသွင်ဆိုး၍သာသနာတော်တွင်းသို့ဝင်ရောက်ပြီ မိစ္ဆာဝါဒများသွတ်သွင်းမှု ကြာမြင့်ချိန်ကာလကတော့ (၉)လ ကြာမြင့်ခဲ့သည်။ တင်ပုံကတော့ နုတ်ဖြင့်ရွတ်ဆိုတော်မူခဲ့သည်။ ဥပသကာမင်းကတော့ သီရီဓမ္မာသောကမင်း ခေတ်ပြိုင်မင်းကတော့ ရန်ပေါင်မင်း သရေခေတ္တရာပြည် မြန်မာနိုင်ငံ။

စတုတ္ထ သင်္ဂါယနာ.....။
           သာသနာတော်နှစ် (၄၅၀)  ခေါင်းဆောင်ခဲ့သည့် အရှင်မြတ်ကတော့ အရှင်ဓမ္မရက္ခိတမထေရ် သံဃာအရေအတွက်ကတော့ ရဟန္တာအပါး (၅၀၀) ကျင်းပခဲ့သည့်နေရာကတော့ သီရိလင်္ကာနိုင်ငံ မဟာယဇနပုဒ် အာလောကလှိုင်ဂူ အကြောင်းအရာကတော့ သူပုန်းဘေးငတ်မွတ်ခေါင်းပါးဘေးကို (၁၂)နှစ်ကြာခံစားရ၍ နောင်အခါ ယင်းအဖြစ်မျိုး ကြုံခဲ့သော ပိဋကတ်တော်များမပျောက်ရန် ကြာမြင့်ချိန်ကတော့ (၁) နှစ်ကြာမြင့်ခဲသည် တင်ပုံကတော့ ပေစာဖြင့်တင်တော်မူခဲ့ကြသည်  ဥပသကာမင်းကတော့ ၀ဠုဂါမဏီမင်း ခေတ်ပြိုင်မင်းကတော့ ကြက်ခေါင်းစား ငတေပါမင်း သရေခေတ္တရာပြည် မြန်မာနိုင်ငံ။

ပဉ္စမ သင်္ဂါယနာ..........။
           သာသနာတော်နှစ်  (၂၄၁၅) ကောဇာသက္ကရာဇ် (၁၃၃၃) ဦးဆောင်ခဲ့သည့် အရှင်မြတ်ကတော့ ဘဒ္ဒန္တဇာဂရာဘိဝံသ မထေရ်မြတ် ဒက္ခဏာရာမကျောင်း မန္တလေး သံဃာအရေတွက်ကတော့ ရဟန်း (၂၄၀၀) နေရာကတော့ မန္တလေးနန်းတော်အရှေ့ဘက်သစ်တပ် မဏ္ဍပ် အကြောင်းအရာကတော့ ပေပရပိုတ်များအပေါ်ရှိ ပိဋကတ်တော်များ ပိုမိုတည်တံစေရန်နှင့်မူကွဲများညီညွတ်စေရန် ကြာမြင့်ချိန်ကာလကတော့ (၅) လနှင့် (၃)ရက် တင်ပုံကတော့ နုတ်ဖြင့်ရွတ်ဆို၍ကျောက်ထက်အက္ခရာတင်တော်မူခဲ့သည် ဥပသကာမင်းကတော့ မင်းတုန်းမင်း ခေတ်ပြိုင်မင်းကတော့ ရာဂျိန္ဒရာမရာဘတ် အိန္ဒိယနိုင်ငံ။

ဆဋ္ဌမ သင်္ဂါယနာ.........။
        သာသနာတော်နှစ် (၂၄၉၈) ကောဇာသက္ကရာဇ် (၁၃၁၆) ဦးဆောင်တော်မူခဲ့သောအရှင်မြတ်ကတော့ ဘဒ္ဒန္တ ရေတောဘိဝံသ မထေရ် ညောင်ရမ်း မန္တလေး သံဃာအရေအတွက်ကတော့ ရဟန်း (၂၅၀၀) ကျင်းပခဲ့သည့်နေရာကတော့ မြန်မာနိုင်ငံ ရန်ကုန် သီရိမင်္ဂလာ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လှိုင်ဂူ အကြောင်းအရာကတော့ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးတည်တံပြန့်ပွားရေးနှင့် ပိဋကတ်တော်များသန့်ရှင်းစင်ကြယ်စေရန်
ကြာမြင့်ချိန်ကာလကတော့ (၂) နှစ် တင်ပုံကတော့ စက္ကူစာရွက်ပေါ်ပုံနှိပ်အက္ခရာမြင့်တင်တော်မူခဲ့သည် ဥပသကာမင်းကတော့ မြန်မာနိုင်ငံတော်အစိုးရနှင့်ပြည်သူများ ခေတ်ပြိုင်မင်းကတော့ သမ္မတနေရူး အိန္ဒိယနိုင်ငံ။

Friday, October 7, 2011

သစ္စာပင်ပန်း တစ်ပွင့်ပန်း

နက်မှောင်ရောင်ပြေးနေတဲ့
မမေ့ဆံပင်လေးတွေ
အခုတော့ သေးမျင်ရစ်ထွေ
ဖြူဆွတ်လို့ဖွေးခဲ့ပြီ။

အပ်နဖားထိုးလို့နေတဲ့
မေမေ့ မျက်လုံးများ
အခုတော့ အကြည်ဓာတ်ပျက်ပြား
မှုန်ဝါးလိုနေခဲ့ပြီ။

ဓမ္မတရားနာကြားနေတဲ့
မေမေ့ နှစ်ဖက်နား
အခုတော့ အကြားအကူခိုင်း
နားအူလို့ထိုင်းခဲ့ပြီ။

ကွမ်းမြုံလို့ဝါးနေတဲ့
ချွန်ထက်သည့် မေမေ့သွား
အခုတော့ ကြွေသွားငုတ်ပျောက်
သွားဖုံးတောင်ပေါက်နေပြီ

လှုပ်ရှားသွက်လက်နေတဲ့
မေမေ့ခြေလက်တွေ
အခုတော့ နှေးကွေးကြုံလှီ
တုန်ရီလို့နေခဲ့ပြီ။

အော်...............။
မေမေ့သက်ရွယ်
ရှစ်ဆယ်ကျော်နှင်း
ကိုးဆယ်တွင်းရောက်ခဲ့ပြီ။

ယခင်နှင့်ယခု
ယခုနှင့်ယခင်
ဘယ်လိုပင် သရုပ်မမှန်ခြားနား
ရုပ်နာမ်တွေ ဖောက်ပြားနေသော်လည်း
မယွင်းမဖောက် မနွမ်းခြောက်တဲ့
မေမေ့တစ်ယောက်ရဲ့သစ္စာပင်နန်းမှ
မေတ္တာတစ်ပွင့်ပန်းကတော့
ထာဝစဉ် အမြဲ လန်းဆဲ ပွင့်ဆဲ
မွှေးကြိုင်ဆဲပါ.........မေမေ။

မေတ္တာရေစင်

မေတ္တာဆိုတာ
ရေလိုပါပဲ
ရေဟူသည် အပူငြိမ်း
အေးကိန်းကြုံမြဲ

ဒေါသဆိုတာ
မီးလိုပါပဲ
မီးဟူသည် အပူဓာတ်
လောင်ဟပ်စမြဲ

ဆန်းကျင်ဘက်ပစ္စည်း
ရေနှင့်မီး ပမာယူ
ဒေါသနှင့်မေတ္တာတရား
လားလားမျှမတူ

လူ့ဘ၀သက်တမ်းမှာ
အေးချမ်းစွာနေလိုသူ
အပူကိုရှောင်ကွင်းကြ
မီးဆယ့်တစ်ပါးကိုလ
ညီလျက် မပွားအောင်ပ
ကြိုးစားကာ ပြစ်ဘယာတွေစင်ဖို့
မေတ္တာရေစင်တွင်တွင်ဖျန်းလျင်ဖြင့်
အေးချမ်းပေစွ.........။

Wednesday, October 5, 2011

ဗုဒ္ဓ၏ သြ၀ါဒ

                    ချစ်သားချစ်သမီးတို့.......................။ 
                   သူတစ်ပါးတို့က မိမိကို ကဲရဲ့ပြောဆိုသော်
                   မကျေမနပ်ဖြစ်ခြင်း..............
                  ချီးမွမ်းပြောဆိုသော် ၀မ်းသာခြင်း..........
                  ကိုပြုလျင်
                  အကောင်းအဆိုးနှင့် 
                  အကြောင်းအကျိုး
                  အမှားနှင့်အမှန်ကို
                  ခွဲခြားသိနိုင်လိမ့်မည်
                  မဟုတ်.............

မဟာလူသား

       ဘာသာဝါဒများကို တည်ထောင်ကျသောသူများတွင် ကျနော်တို့ကိုးကွယ်သော ဗုဒ္ဒ္ဓသည် လက်တွေ့ကျသော ဘ၀ကိုအလှဆင်နိုင်တဲ့ တရားများကိုသာဟောကြားသော ဆရာတစ်ဆူဖြစ်ပါတယ်။ စင်ကြယ်သန့်ရှင်းသော ရိုးရှင်းသော လူသားမှတပါး အခြားသောပုဂ္ဂိုလ်မျိုး ထာဝရဘုရားစသည့် တန်းခိုးရှင်များ ကဖန်ဆင်း၍ဖြစ်လာတယ်လို့ မပြောဆိုခဲ့။ 
အခြားသောဘာသာတို့က ထာဝရဘုရား နတ်ဘုရား ဖန်ဆင်းရှင်တို့ကလွမ်းမိုးတန်းခိုးသွင်းပေးထားသည့်ပဂ္ဂိုလ်များဖြစ်၏
ဗုဒ္ဓသည် လူသားစစ်စစ်မှဖြစ်သည်သာမဟုတ် မည်သည့် ထာဝရဘုရားသခင် နတ်ဘုရား ဖန်ဆင်းရှင် စသည့် ပြင်ပတန်းခိုးရှင်ကမှ လွမ်းမိုးပြီး တန်းခိုးသွင်းပေးထားသူ အဖြစ်လည်းမဟုတ်။ 
ထိုဗုဒ္ဓသည် မိမိမှာရှိသော ဥာဏ်ဖြင့် သစ္စာလေးပါးကို သိမြင်မူ" ဈာန်သမာပတ်များ မဂ်ဥာဏ် ဖိုလ်ဥာဏ်များသည် လူသားတို့၏ လုံးလဖြင့် ကြိုးစားအားထုတ်မှု" လူသားတို့၏
အသိဥာဏ်ဖြင့် ရရှိနိုင်သည်ဟုမိန့် ဆိုခဲ့၏။ ဒါကြောင့် လူသားစစ်စစ် သာလျှင်ဘုရားအဖြစ်ကိုရနိုင်၏။ လူသားတိုင်း၏ အတွင်းသန္တာန်ထဲမှာ ဗုဒ္ဓဖြစ်လာနိုင်သည့် အစွမ်းသတ္တိပါရှိပြီသားဖြစ်ပေ၏။
ဗုဒ္ဓသည် ဘုရားဖြစ်ရန် မရေတွက်နိုင်လောက်အောင် များပြားလှစွာသော ကပ် ကမ္ဘာတို့၌
ဆယ်ပါးသော ပါရမီတွေကို ခက်ခဲ့စွာဖြည့်ကျင့် ခဲ့သောကြောင့် ဗုဒ္ဓ အဖြစ်ကိုရရှိခဲ့ပေ၏။
ဒါကြောင့် ကျနော်တို့သည် ဗုဒ္ဓကို မဟာလူသား ဟုခေါ်ကြ၏။

Monday, October 3, 2011

သတိလေးရှိစေချင်

ကြီးငယ်မဟူ
လူဟူသမျှ...
တစ်နေ့ကျ
သေရမည်သာ
မလွဲပါ
မသေခဏ
နေကြရ
ပြုကြကုသိုလ်သာ
နေစဉ်သာ။
တစ်စတစ်စ
စွန့်ဝံမှလျှင်
ဘ၀နောက်နှောင်း
ဆက်တိုင်းကောင်းလိမ့်။

ကျင့်ကြံကြရန်

သူတော်တော်....မတော်တော်..
ကိုယ်ကတော်မှသူတော်ကောင်း...
သူကောင်းကောင်း...မကောင်းကောင်း
ကိုယ်ကကောင်းမှသူတော်ကောင်း.....

Sunday, October 2, 2011

သဘာဝဟာ သဘာဝပါပဲ

တစ်နေ့တာရဲ့အချိန်
သင်ဘယ်လို ရေစိမ်မလဲ။
အကြိမ်ကြိမ် ရှုံးနိမ့်
သင်ဘယ်လို နေစိမ့်မလဲ။
အခါခါ လဲကျ
သင်ဘယ်လို ပြန်ထမလဲ။
အဖန်ဖန် ပျောက်ဆုံး
သင်ဘယ်လို ဆက်သုံးမလဲ။
နာရီကို ရပ်တန့်
စမ်းသပ်လို့လည်း မရနိုင်။
ရက်တွေကို ကျော်လွှား
စော်ကားလို့လည်း မရနိုင်။
နှစ်တွေကို မေ့ပြစ်
အတိတ်ဖြစ်လို့လည်း မရနိုင်။
သဘာဝဟာ သဘာဝပါပဲ....