Sunday, November 20, 2011

ဘုရားအလောင်းတော်၏ အိမ်မက်တော်

ပထမအိမ်မက်တော်။
          ဘုရား အလောင်းတော်သည် စကြာဝဠာမြေပြင်ကို အိပ်ရာ၊ ဟိမ၀န္တာတောင်ကို
ခေါင်းအုံးအိပ်ပြီ အရှေ့စကြာဝဠာတောင်ပေါ်တွင် လက်ဝဲလက် အနောက်စကြာဠာကို လက်ယာလက်တင်သည် တောင်ဘက်စကြာဝဠာတောင်ပေါ်၌ခြေတော် အစုံကိုတင်လျက် ပက်လက်အိပ်ရသည်ဟုမြင်မက်၏။

နိမိတ်တော်။
              ဤ အိမ်မက်တော်သည် သဗ္ဗညူတ ဥာဏ်တော် ရ၍လောကသုံးပါး၌ အတုမရှိ 
ဘုရားစင်စစ်ဖြစ်လာမည့် နိမိတ်ကြီးဖြစ်သည်။

ဒုတိယ အိမ်မက်တော်။
              ထွန်တုံးခန့်ရှိသော တိရိယာခေါ် နေဇာမြက်သည် ဘုရားအလောင်းတော် ချက်တော်မှ ပေါ်ထွက်ပြီး ကောင်းကင်သို့ပြန့်နှံ့ တက်သည်ဟု မြင်မက်သည်။

နိမိတ်တော်။ 
              လောကသုံးပါ၏ ဆရာဖြစ်မည့် နိမိတ်ကြီး ဖြစ်သည်။ 

တတိယ အိမ်မက်တော်။
              ကိုယ်လုံးဆွတ်ဆွတ်ဖြူ၍ ဦးခေါင်းမဲသော ပိုးတို့သည် ဘုရားအလောင်း၏ 
ခြေဖျားမှ စ၍ပုဆစ် အထိတက်၍ခြေတော် နှစ်ဖက်လုံး ဖုံးအုပ်သည်ဟု မြင်မက်သည်။

နိမိတ်တော်။ 
               ဤအိမ်မက်သည် လူ နတ် ဗြဟ္မာ သတ္တ၀ါ အနန္တ တို့သည် မြတ်စွာဘုရားကို ဆည်းကပ် ခစားလာကြမည့် နိမိတ်ကြီးဖြစ်သည်။

စတုတ္ထအိမ်မက်တော်။
                ငှက်ညို ငှက်ဝါ ငှက်နီ ခွက်မွဲတို့သည် အရပ် လေးမျက်နှာမှ လာရောက်ကြပြီး ဘုရားအလောင်းတော် ရှေ့အရောက်တွင် အားလုံးဖြူဆွတ် ထွားကျိုင်းသွားကြသည်ဟု
မြင်မက်သည်။

နိမိတ်တော်။
                ဤအိမ်မက်တော်သည် လူမျိုးမရွေး ဘာသာမရွေး အဆင့်တန်းမရွေး လောကလူသားများသည် မြတ်စွာဘုရားထံမှ ရဟန်းပြုကြပြီ မဂ်ဖိုလ်ကိုရ၍ အားလုံးတန်းတူ ဖြစ်လာမည့် နိမိတ်ဖြစ်သည်။

ပဉ္စမအိမ်မက်တော်။
                ဘုရားအလောင်းသည် မစင်တောင်ထိပ်၌ စင်္ကြံကြွသွားရသော်လည်း မစင်ဖြင့်လုံဝ
ပေကျံခြင်း မရှိ။ပကတိ သန့်ရှင်းသည်ဟု မြင်မက်၏။

နိမိတ်တော်။
                ဤအိမ်မက်သည် ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်းလေးပါးကို အမြောက်
အများ အလှူခံယူသော်လည်း တွယ်တာတပ်မက်သောစိတ်လုံးဝမရှိ ကာမနယ်မှာလည့်လည်
ရသော်လည်း လူတိုင်းလို ကိလေသာဖြင့်ပေကျံခြင်း မရှိ ပကတိသန့်စင်နေမည့် 
နိမိတ်ကြီးဖြစ်သည်။

No comments:

Post a Comment