Sunday, November 20, 2011

ဗုဒ္ဓ အကြောင်း

မေး။
        ဗုဒ္ဓသည် ဘာလူမျိုးလဲ ဆွေမျိုးဘယ်လောက်ရှိပါသလဲ။

ဖြေ။
        ဗုဒ္ဓသည် သွေးအနေဖြင့် သာကီဝင်မျိုးဖြစ်သည် အဆင့်တန်းအားဖြင့် မင်းမျိုးဖြစ်သည် ယခုလက်ရှိကာလကဲသို့ ဟိန္ဒူ နီပေါ မြန်မာ မွန် စသည့်လူမျိုး အနေဖြင့်သတ်မှတ်ရန် ခဲယဉ်းပါသည်။ အဘယ်ကြောင့်ဆိုသော် သာကီဝင်သွေး စတင်ခဲ့သည့် သြက္ကာက မင်းသည် ကမ္ဘာဦး အစ 
မဟာသမ္မတမှ ဆင်းသက်လာသည်ဟု ဆိုသည်။ 
ထိုကြောင့် ထိုကမ္ဘာဦး အစတွင် ယခုကာလကဲသို့ မည်သည့် လူမျိုးဟု သိရန်ခက်၏။
သြက္ကာက မင်းကြီး၏ သားလေးယောက် သမီးငါးယောက်တို့  မင်းအာဏာကြောင့် တောတွင်းမှာရှောင်ခွာနေရစဉ် အမျိုးပျက်မည်စိုး၍ မောင်နှမချင်း 
အိမ်ထောင်ပြုရာ (သကျာဝတ ) သူတို့တတ်နိုင်လေစွ ဟုခမည်းတော် သြက္ကာကမင်းက
ပြောစကားကို အစွဲပြု၍ ထိုမောင်နှမကိုးယောက်မှ ဆင်းသက်လာသူများ အနွယ်များကို
သာကီဝင် ဟုခေါ်လာကြသည်။

No comments:

Post a Comment