Wednesday, January 25, 2012

မတွဲသင့်သောအရာများ

ရွှံ့ညွှန်သည် ရေကြောင့်ဖြစ်၏
ရေကြောင့်ဖြစ်သော ရွှံ့ညွှန်ကို
စင်ကြယ်စေလိုလျှင်
ရေဖြင့်ပင် ပြန်လည်ဆေးကြောရ၏
ထို့အတူ လောဘ၊ဒေါသ၊မောဟ စသော
ကိလေသာများသည် စိတ်ကြောင့်ဖြစ်၏
စိတ်ကြောင့်ဖြစ်သော လောဘ ၊ဒေါသ ၊မေဟ၊ စသော
ကိလေသာများစင်ကြယ်စေလိုလျှင်
စိတ်(ဝိပဿနာ)ဖြင့်ပင်
ပြန်လည်ဆေးကြောရ၏။
(မေတ္တာရှင်-ရွှေပြည်သာ)

သဘောထားသေးသိမ်သောသူသည်
သူတစ်ပါးကို အပြစ်သာ မြင်လေ့ရှိ၏
သဘောာထားပြည့်ဝသော သူများကား
မိမိအပြစ်ကိုသာ မြင်လေ့ရှိ၏
သဘောထားအပြည့်ဝဆုံး ပုဂ္ဂိုလ်များကား
မည်သူကိုမှ အပြစ်မမြင်တော့ချေ။
(မေတ္တာရှင်-ရွှေပြည်သာ)

မတွဲသင့်သော အရာများ
(၁)။ လူငယ်တို့သဘာဝအရ ရည်းစား ဘဝတွင် အချစ်နှင့်ကာမ မရောသင့်(ပြဿနာရှုပ်တတ်သည်)
(၂)။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်နှင့်လူမှုရေး မရောသင့်။(မျက်နာပျက်တတ်သည်)
(၃)။ အလုပ်လုပ်ရာတွင် စာအုပ်ထဲကအတိုင်းနှင်လက်တွေ့မလုပ်သင့်။ 
(လုပ်ငန်းမအောင်မြင်ဘဲ ဖြစ်တတ်သည်)
(၄)။ ပေါင်းသင်းဆက်ဆံရာတွင် ခင်မင်မှုနှင့်ငွေကြေးမရောသင့်။(ငွေကြေးရှုံးတတ်သည်)
(၅)။ အိမ်ထောင်ရေးတွင် အိမ်ထောင်ရေးနှင့်ဆွေမျိုးရေး မရောသင့်။(ဇာတ်လမ်းရှုပ်တတ်သည်)
 
(၆)။ ရုံးကိစ္စဆောင်ရွက်ရာတွင် ရုံးကိစ္စနှင့် အိမ်တွင်းရေးမရောသင့်။(တာဝန်ကိုထိခိုက်တတ်သည်)
(၇)။ ကိုယ်ပညာကိုအသုံးပြုရာတွင် ပညာနှင့်မာန မရောသင့်။(အမှားတွေ့တတ်သည်)
(၈)။ လုပ်ငန်းဆောင်ရွက်ရာတွင် သခင်နှင့်ကျွန်မရောသင့်။(စော်ကားခံရတတ်သည် ကမ်းတက်တတ်သည်)
(၉)။ မွေးမြူရေးတွင် လူနှင်အဆိပ်ရှိသတ္တဝါ မရောသင့်။(အန္တရာယ်ဖြစ်တတ်သည်)
(၁၀)။ လူလူချင်းဆက်ဆံရာတွင် ပညာရှိနှင့် လူမိုက် မရောသင့်။(အကျိုးယုတ်တတ်သည်)
(၁၁)။ ပေါင်းသင်းဆက်ဆံရေးတွင် သူတော်ကောင်းနှင့် သူယုတ်မာ မပေါင်းသင့်။(အကျိုးပျက်စီးတတ်သည်)
(၁၂)။ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောကျာ်းနှင့် အိမ်ထောင်ရှင်မိန်းမ မပေါင်းသင့်။ 
(မှားယွင်းတတ်သည်)
(၁၃)။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင် မိန်းမနှင့် လူပျို မရောသင့်။(မှားယွင်းတတ်သည်)
(၁၄)။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောကျာ်းနှင့် အပျို မရောသင့်။(မှားယွင်းတတ်သည်)
(၁၅)။ တရားအားထုတ်ရာတွင် ရဟန်းနှင့် ဒကာမ မရောသင့်။
 (တရားပျက်တတ်သည်အပါယ်ရောက်တတ်သည်)
(၁၆)။ တရားအားတုတ်ရာတွင် ရဟန်းမ(သို့)သီလရှင်နှင့် ဒကာ မရောသင့်။(တရားပျက်တတ်သည် အပါယ်ရောက်တတ်သည်)
(၁၇)။ တရားအားထုတ်ရတွင် ရဟန်းနှင့် ရဟန်းမ(သို့)သီလရှင် မရောသင့်။(တရားပျက်တတ်သည် အပါယ်ရောက်တတ်သည်)
(၁၈)။ တရားအားထုတ်ရာတွင် ဒကာနှင့်ဒကာမ မရောသင့်။(တရားပျက်တတ်သည် အပါယ်ရောက်တတ်သည်)
(၁၉)။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအကနှင့် အနောက်တိုင်းအက မရောသင့်။ 
(ရိုးရာယဉ်ကျေးမှုပျက်တတ်သည်)
(၂၀)။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအတီအမှုတ်နှင့် အနောက်တိုင်းအတီအမှုတ် မရောသင့်။ 
(ရိုးရာယဉ်ကျေးမှုပျက်တတ်သည်)
(၂၁)။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာသီးချင်းနှင့်အနောက်တိုင်းသီချင်းတို့ မရောသင့်။       (ရိုးရာယဉ်ကျေးမှုပျက်တတ်သည်)
(၂၂)။တရားစီရင်ရာတွင် ဥပဒေနှင့် ခင်မင်မှု မရောသင့်။(တာဝန်ထိခိုက်တတ်သည် မှားတတ်သည်)
(၂၃)။ ဘာသာရေးတွင် ဘာသာရေးနှင့် စီးပွားရေး မရောသင့်။(ဘာသာရေးထိခိုက်တတ်သည်)
(၂၄)။သမ္မာဒိဋ္ဌိအယူတွင် ရတနာမြတ်သုံးပါးနှင့်ရိုးရာနတ်၊ ဘိုးတော် ၊မယ်တော်၊ ပျောက်စေဆရာတို့နှင့် မရောသင့်။(အယူလွဲတတ်သည် အပါယ်ကျတတ်သည်)
(၂၅)။ စိတ်ထားကောင်းကောင်းဖြင့် ဆောင်ရွက်ရတွင် စေတနာနှင့်အသပြာ မရောသင့်။(နာမည်ပျက်တတ်သည်)
(၂၆)။ ကုန်သွယ်ရာတွင် သံကုန်သည်နှင့် မြေအိုးမြေခွက်ကုန်သည် မရောသင့်။(နှစ်ဦးနှစ်ဖက် အကျိုးယုတ်တတ်သည်)
(၂၇)။ ကုန်သွယ်ရာတွှင် အထည်ကုန်သည်နှင့် မိးသွေးကုန်သည်သည် မရောသင့်။(နှစ်ဦးနှစ်ဖက် အကျိုးယုတ်တတ်သည်)
(၂၈)။အိမ်မှုကိစ္စတွင်  ကလေးနှင့်ခွေးကို ရောမထားသင့်။(အန္တရာယ်ရှိတတ်သည်)
 (၂၉)။ စိတ်ရှိတိုင်း အအိပ်မကြူးသင့်။(ကျန်းမာရေးထိခိုက်တတ်သည်)
(၃၀)။ စိတ်ရှိတိုင်း အစားမကြူးသင့်။(ကျန်းမာရေးထိခိုက်တတ်သည်)
 
(၃၁)။စိတ်ရှိတိုင်း အရက်ဆေးလိပ်မသောက်သင့်။(ကျန်းမာရေးထိခိုက်တတ်သည်)
(၃၂)။သဘာဝတရားဖြစ်ရပ်မှန်နှင့် ပကာသနတရားလုပ်ဆောင်မှုတို့ကို မရောသင့်။(နှစ်ဖက်စလုံး ဆုံးရှုံးတတ်သည်)
(၃၃)။အချင်းချင်း ဓားလှံတို့ဖြင့်မကစားသင့်။(အန္တရာယ်ဖြစ်တတ်သည် သေတတ်သည်)
(၃၄)။ အချင်းချင်း သေနတ်ခဲယမ်းမီး ကျောက်တို့ဖြင့် မကစားသင့်။
 (အန္တရာယ်ဖြစ်တတ်သည် သေတတ်သည်)
(၃၅)။စကားပြောရာတွင် အလေးအနက်ပြောရမည့်စကားကို ဟာသစကားနှင့် မရောသင့်။ 
(လုပ်ငန်းတာဝန်ထိခိုက်တတ်သည်)
(၃၆)။စေတနာထားရမည့်ကိစ္စတွင် စေတနာကို အငြိုးတရားဖြင့် မရောသင့်။(မှားတတ်သည်)
(၃၇)။ အလှူပေးရာတွင် သဒ္ဓါတရားကို တွန့်တိုမှုနှင့် မရောသင့်။(တရားပျက်တတ်သည် အကျိုးမဲ့ဖြစ်ရတတ်သည်)
(၃၈)။မေတ္တာတရားထားရာတွင် မေတ္တာတရားကို အာဃာတတရားဖြင့် မရောသင့်။(တရားပျက်တတ်သည်)
(၃၉)။လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ပါလက်ပါဆောင် ရွက်ရမည့် လုပ်ငန်းကို ပျင်းရိခြင်းနှင့် မရောသင့်။ 
(လုပ်ငန်းဆုံးရှုံးရတတ်သည်)
(၄၀)။အရေးပေါ်လုပ်ငန်း ဆောင်ရွက်ရာတွင်ချက်ချင်းလုပ်ရမည့် လုပ်ငန်းကို အချိန်ဆွဲခြင်း အချိန်ရွေးခြင်းတို့နှင့် မရောသင့်။(လုပ်ငန်းကျဆုံးတတ်သည်)
(၄၁)။မှန်ကန်စွာသုံးသပ်ရာတွင် ပကတိ အစစ်အမှန် ဖြစ်ရပ်ကို အတုယောင်တို့နှင့် မရောသင့်။(ဘစတစ်ခုလုံးနှစ်နာဆုံးရှုံးရတတ်သည်)
(တင်ဦး(ကသာ)-)
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
ဝိဝါဒ ကွဲပြားနေခြင်း မညီညွတ်ခြင်း ရန်ဖြစ်နေခြင်းသည် ဘေးဒုက္ခဆင်းရဲသို့သာ ရောက်စေနိုင်သည်၊ ညီညွတ်၍ ကိုယ်စိတ်နှစ်ပါးတို့ အတူတကွ ငြိမ်းချမ်းခြင်းသည် အမြင့်ဆုံး နိဗ္ဗာန်ချမ်းသာအထိ ရောက်စေ နိုင်ကြောင်း ဘုရားရှင် အဆို အဆုံးအမ များကိုလည်း အမြဲတမ်း ကိုယ်စီ နှလုံးသွင်းနိုင်ကြပါစေ။
(အရှင်ပညာသီဟ)

No comments:

Post a Comment